Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • ဇွန်လ ၉ ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဥ်

    ဒီကနေ့မှာတော့ …….ကျောက်ဖြူသို့ စစ်ကူများထပ်မံစေလွှတ်ရာတွင် ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်လာတဲ့ သတင်းနဲ့အတူ စစ်တပ်၏ လက်နက်ပွဲစား ဒေါက်တာနိုင်ထွဋ်အောင် မဟာမုနိဘုရားအတွက် ရွှေ ၃ ပိဿာနှင့်ကျပ်သိန်း ၂၆,၀၀၀ လှူတဲ့အကြောင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။


    အဲ့ဒီနောက်မှာတော့ ဆူးခင်းလမ်းက ပန်းသတင်း အစီအစဉ် ဒုတိယပိုင်းကို တင်ဆက်ပေးပါမယ်။


    33 min
  • ဇွန်လ ၈ ရက်၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဥ်

    ဒီကနေ့မှာတော့ …….စစ်ကောင်စီဗိုလ်ကြီး၂ ဦးအား အရေးယူရန် MOD ထံတင်ပြမည်ဟု ညောင်ဦးခရိုင် ပကဖပြောတဲ့ သတင်းနဲ့အတူ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကြိုးပမ်းမှု တရုတ်ထောက်ခံပံ့ပိုး၍ ကျေးဇူးတင်ဟု စစ်ခေါင်းဆောင်ပြောတဲ့အကြောင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။


    အဲ့ဒီနောက်မှာတော့ ဆူးခင်းလမ်းက ပန်းသတင်း အစီအစဉ် ပထမပိုင်းကို တင်ဆက်ပေးပါမယ်။

    31 min
  • ဇွန်လ ၈ ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဥ်

    ဒီကနေ့မှာတော့ …….ကန့်ဘလူ စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတဲ့ သတင်းနဲ့အတူ လွိုင်ကော်မှာ ၅ တန်းကျောင်းသူ အဆုံးစီရင်တဲ့အကြောင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ တရုတ်နှင့် ရုရှားကျောထောက်နောက်ခံ စစ်အုပ်စု ပြုတ်ကျသွားတဲ့အခါ တော်လှန်ရေးအင်အားစုတွေ တိုင်းပြည်ကို ဘယ်လိုမျိုး အုပ်ချုပ်သင့်တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး ဘယ်လိုမူဝါဒတွေနဲ့ ဘယ်လိုအကောင်အထည်ဖော်သင့်သလဲ စတာတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် အကြံပေးတဦးဖြစ်သူ ဦးစိန်ဌေးကို မဇ္ဈိမသတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းတို့ ဆွေးနွေးထားတဲ့ Exclusive Interview အစီအစဉ် ဒုတိယပိုင်းကို တင်ဆက်ပေးပါမယ်။


    #mizzimaradio

    #morningradio

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    37 min
  • ဇွန်လ ၇ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဥ်

    ဒီကနေ့မှာတော့ …….လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုများကြောင့် လူမှုကူညီရေးအသင်း အများစု ရပ်နားထားရတဲ့ သတင်းနဲ့အတူ စစ်ကိုင်းငလျင်ကြောင့် အိုးဘိုထောင်တွင် နိုင်/ကျဉ်းများအပါအဝင် အကျဉ်းသား ၇၀ ကျော် သေဆုံးခဲ့တဲ့အကြောင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ တရုတ်နှင့် ရုရှားကျောထောက်နောက်ခံ စစ်အုပ်စု ပြုတ်ကျသွားတဲ့အခါ တော်လှန်ရေးအင်အားစုတွေ တိုင်းပြည်ကို ဘယ်လိုမျိုး အုပ်ချုပ်သင့်တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး ဘယ်လိုမူဝါဒတွေနဲ့ ဘယ်လိုအကောင်အထည်ဖော်သင့်သလဲ စတာတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် အကြံပေးတဦးဖြစ်သူ ဦးစိန်ဌေးကို မဇ္ဈိမသတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းတို့ ဆွေးနွေးထားတဲ့ Exclusive Interview အစီအစဉ် ပထမပိုင်းကို တင်ဆက်ပေးပါမယ်။


    #Mizzimaradio

    #Eveningradio

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    35 min
  • ဇွန်လ ၇ ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဥ်

    ဒီကနေ့မှာတော့ …….ILO ပုဒ်မ ၃၃ အရ အရေးယူရန် အတည်ပြုမှုအပေါ် စိတ်ပျက်ကြောင်း စစ်ကောင်စီပြောတဲ့ သတင်းနဲ့အတူ စစ်ကောင်စီတပ်လက်ချက်ကြောင့် မေလအတွင်း အမျိုးသမီး ၁၀၀ နီးပါး သေဆုံးခဲ့ရဟု BWU ထုတ်ပြန်တဲ့အကြောင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေနဲ့အတူ အပတ်စဉ်အစီအစဉ်ဘက်မှာတော့ Human Rights Barometer အစီအစဥ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    #mizzimaradio

    #morningradio

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    33 min
  • ဇွန်လ ၆ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမ သတင်းအစီအစဥ်

    - မေလအတွင်း အမျိုးသမီး ၁၀၀ နီးပါး စစ်ကောင်စီကြောင့်သေဆုံးတဲ့ သတင်း


    - အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နောင်ချို ဒေသခံ ၄ ဦးထိခိုက်တဲ့သတင်း


    - ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို လုပ်ကြံတယ်ဆိုပြီး ၆ နှစ်သမီးအပါအဝင် ၁၆ ဦးကို စစ်ကောင်စီ ဖမ်းဆီးတဲ့ သတင်း


    - NUG ထိန်းချုပ်နယ်မြေက ကလေးတွေပညာရေး အခြေအနေဘယ်လိုရှိနေလဲဆိုတဲ့ ရုပ်သံ သတင်းနဲ့


    - ရေချစဉ် ဖြစ်ကတတ်ဆန်းလုပ်တာကြောင့် တိမ်းစောင်းသွားတဲ့ မြောက်ကိုရီးယားဖျက်သင်္ဘောအတည့်ပြန်ဖြစ်တဲ့နိုင်ငံတကာသတင်းအပါအဝင်နောက်ဆုံးရကုန်စျေးနှုန်းနဲ့တခြားအရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    17 min
  • ဇွန်လ ၆ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဥ်

    ဒီကနေ့မှာတော့ ……. ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို လုပ်ကြံသည်ဟုဆိုကာ ၆ နှစ်သမီးအပါအဝင် ၁၆ ဦးကို စစ်ကောင်စီ ဖမ်းဆီးတဲ့ သတင်းနဲ့အတူ စစ်ကောင်စီကို ပုဒ်မ ၃၃ အရ အရေးယူရန် ILO ညီလာခံ အတည်ပြုလိုက်တဲ့အကြောင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေနဲ့အတူ အပတ်စဉ်အစီအစဉ်ဘက်မှာတော့ Human Rights Barometer အစီအစဥ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Eveningradio

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    33 min
  • ဇွန်လ ၆ ရက်၊ သောကြာနေ့ မနက်ဘက် မဇ္ဈိမရေဒီယိုအစီအစဉ်

    ဇွန်လ ၆ ရက်၊ သောကြာနေ့ မနက်ဘက် မဇ္ဈိမရေဒီယိုအစီအစဉ်


    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...နယ်စပ်စခန်း ၁၃ ခုကို သိမ်းပိုက်ထားသည့် KNLA ပူးပေါင်းတပ်က ကျန်ရှိစခန်းများကို ဆက်လက်ထိုးစစ်ဆင်တဲ့ သတင်းနဲ့ အတူ နောင်ချိုမှာ စစ်ကောင်စီနဲ့  အပြန်အလှန် ထိုးစစ်တွေ ရှိနေတယ်လို့  TNLA ပြောတဲ့  အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။


    အဲဒီ့နောက်မှာတော့ လေး၀တီ FM က ပေးပို့တဲ့ အပတ်စဉ်ရခိုင်သတင်းအစီအစဉ်ကို ဆက်လက် နားဆင်ရမှာဖြစ်ပါတယ်။


    #mizzimaradio

    #morningradio

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    ----------------


    34 min
  • ဇွန်လ ၅ ရက်၊ ကြာသပတေးနေ့ ညပိုင်းမဇ္ဈိမရေဒီယိုအစီအစဉ်

    ဇွန်လ ၅ ရက်၊ ကြာသပတေးနေ့  ညပိုင်းမဇ္ဈိမရေဒီယိုအစီအစဉ်

     

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ … မြန်မာကို အမေရိကန် ပြည်ဝင်ခွင့် လုံးဝရပ်ဆိုင်းလိုက်တဲ့ သတင်းနဲ့အတူ  KIA နဲ့ ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှု ပြဿနာတွေကို စိုးရိမ်ဖို့ မလိုဘူးလို့  TNLA ပြောတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။

     

    သတင်းတွေ အပြီးမှာတော့ လေး၀တီ FM က ပေးပို့ထားတဲ့ အပတ်စဉ်ရခိုင်သတင်းအစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။ 


    #Mizzimaradio

    #Eveningradio

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    ------------

    33 min
  • ဇွန်လ ၅ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမ သတင်းအစီအစဥ်

    ဇွန်လ ၅ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမ သတင်းအစီအစဥ် 


    -KIA နှင့်ဖြစ်ပွားနေသည့် နယ်မြေအငြင်းပွားမှု ပြဿနာများကို စိုးရိမ်ဖွယ်မလိုဟု TNLA ပြော


    -မြန်မာကို အမေရိကန် ပြည်ဝင်ခွင့် လုံးဝရပ်ဆိုင်း


    -စစ်ကောင်စီတပ်ဖွဲ့၏ မြေအောက်လက်နက်တိုက် ၁ ခုကို KNU၊ PDF ပူးပေါင်းတပ် သိမ်းပိုက်


    -ကမ္ဘာ့ရွှေဈေးတက်နေတာနဲ့အတူ ပြည်တွင်းရွှေဈေးလည်း မြင့်တက်


    -စစ်ကောင်စီ၏ လက်ချက်ကြောင့် ရွာငံ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း ကျဆုံး

    ဒီသတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ နောက်ဆုံးရ ရွှေဈေး၊ ငွေဈေးတွေကိုလည်း စုစည်းတင်ဆက်ပေးသွားမှာပါ။


    #mizzimatv

    #7pmnews

    #mizzimaprimetime

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    --------------------

    16 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.