
Sign up to save your podcasts
Or


ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... ထိုင်း- မြန်မာနယ်စပ်က ကနဲလေးစခန်းကို KNLA ပူးပေါင်းတပ် သိမ်းပိုက်တဲ့သတင်းနဲ့အတူ မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံတဝှမ်း မိုးကြီး၊ရေလျှံမှု သတိပေးထားတဲ့အကြောင်းတွေအပါအဝင် နောက်ဆုံးရ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။သတင်းတွေ အပြီးမှာတော့ လေး၀တီ FM က ပေးပို့ထားတဲ့ အပတ်စဉ်ရခိုင်သတင်းအစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
ဒီကနေ့မနက်မှာတော့ .....Non – CDM တွေ သင်တန်းတက်ပြီးမှ ရာထူးတိုးပေးဖို့ စစ်ကောင်စီ ဉပဒေပြင်တဲ့သတင်းနဲ့အတူ စစ်ကူသွားတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် ဆုံဆည်းမြိုင်ကို စစ်ကောင်စီ ဗုံးကြဲတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကိုနားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့အတူ Mizzima ရဲ့ ဖက်ဒရယ်အစီအစဥ်က ထုတ်လွှင့်တဲ့ "ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးလားဆိုတဲ့" အကြောင်းကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။
#mizzimaradio
#morningradio
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
- မြန်မာမှာ အပစ်အခတ်ရပ်စဲမှုကို တိုးချဲ့ သက်တမ်းတိုးရန် အာဆီယံခေါင်းဆောင်တွေ တိုက်တွန်းတဲ့သတင်း
- လုံးခင်းရွာရောက်ရှိလာတဲ့ စစ်ကောင်စီတပ်က ဒေသခံတွေကို ဖမ်းဆီးနေတဲ့သတင်း
- အုတ်ဖိုမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးပြီး စခန်းစွန့်ခွာထွက်ပြေးတဲ့ အကြောင်းနဲ့
- တရုတ်က ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီကနေ စံချိန်တင် BRI ကြွေးမြီ ကန်ဒေါ်လာ ၂၂ ဘီလီယံ ကောက်မယ်ဆိုတဲ့ နိုင်ငံတကာသတင်းအပြင် နောက်ဆုံးရကုန်စျေးနှုန်းနဲ့ တခြားအရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
#mizzimatv
#7pmnews
#mizzimaprimetime
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
ဒီကနေ့ညမှာတော့ .....မြန်မာမှာ အပစ်အခတ်ရပ်စဲမှုကို တိုးချဲ့၊ သက်တမ်းတိုးဖို့ အာဆီယံခေါင်းဆောင်တွေ တိုက်တွန်းတဲ့သတင်းနဲ့အတူ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေအတွက် အွန်လိုင်းမှတ်ပုံတင်စနစ် မကြာမီစတင်မယ့်သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကိုနားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့အတူ Mizzima ရဲ့ ဖက်ဒရယ်အစီအစဥ်က ထုတ်လွှင့်တဲ့ "ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးလားဆိုတဲ့" အကြောင်းကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။
#Mizzimaradio
#Eveningradio
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
မေလ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့မနက်ပိုင်းမဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ … တပ်ဖွဲ့တွင်း အသွင်ယူ စိမ့်ဝင်နေတဲ့ သူလျှို ၇ ဦးကို MDY PDF ဖော်ထုတ်တဲ့ သတင်းနဲ့အတူ ဗန်းမော်မြို့ ကို အပြီးသတ်သိမ်းဖို့ KIA ထိုးစစ်အရှိန်မြှင်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ Key To Health အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
#mizzimaradio
#morningradio
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
-------------------
မေလ ၂၇ ရက်၊ အင်္ဂါနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ … ကူညီထောက်ပံ့မှုတွေပေးရာမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း အာဆီယံကို NUG အကြံပြုတဲ့ သတင်းနဲ့အတူ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းစဖြစ်နေပြီး မြန်မာနိုင်ငံတဝှမ်း မေလကုန်အထိ မိုးများမယ့် အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။
အဲဒီ့နောက်မှာတော့ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ Key to Health အစီအစဉ်နဲ့ သတင်းတု သတင်းမှားများကို တိုက်ဖျက်ခြင်း Misinformation Buster အစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။
#Mizzimaradio
#Eveningradio
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
-----------------
မေလ ၂၇ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမသတင်းအစီအစဥ်
− ကူညီထောက်ပံ့မှုတွေပေးရာမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ အာဆီယံကို NUG အကြံပြုတဲ့သတင်း
− မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး အမြဲတမ်း အထူးသံတမန်ခန့်အပ်ဖို့ အာဆီယံစဉ်းစားနေတဲ့သတင်း
− ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြန်လည်ပြင်းထန်နေတဲ့သတင်းနဲ့
− မူးယစ်ဆေးဝါး ၂ တန် အင်ဒိုနီးရှား စံချိန်တင်ဖမ်းမိတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။
#mizzimatv
#7pmnews
#mizzimaprimetime
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
------------------------
မေလ ၂၇ ရက်၊ အင်္ဂါနေ့မနက်ပိုင်းမဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ … မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်ကြောင်း မိုးဇလသတိပေးထားတဲ့သတင်းနဲ့အတူ ဒါယိကာမကို ဓားနဲ့ခုတ်သတ်ခဲ့တဲ့ ကျောင်းထိုင်ဘုန်းကြီး မုဒိမ်းမှုအပါ ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ခံရတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကိုနားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့အတူ စစ်ကောင်စီ ဆုံးရှုံးခဲ့တဲ့ လေယာဉ်တွေအကြောင်းဆွေးနွေးထားတဲ့ Mizzima Editorial Talk အစီအစဥ်တို့ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#mizzimaradio
#morningradio
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
--------------------
မေလ ၂၆ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမသတင်းအစီအစဥ်
- ဗုံးဒဏ်ခံ မြေအောက်ဆေးရုံဆေးခန်းတွေတည်ဆောက်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြရန် ကျန်းမာရေးဝန်ကြီး တိုက်တွန်းတဲ့သတင်း
- ဖားကန့် လုံးခင်းရွာရဲစခန်းကို KIA ပူးပေါင်းတပ် တိုက်ခိုက်တဲ့သတင်း
- ဒါယိကာမကို ခုတ်သတ်သည့် ကျောင်းထိုင်ဘုန်းကြီးကို မုဒိမ်းမှုအပါ ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်တဲ့အကြောင်းနဲ့
-ဝန်ထမ်း ၂ ဦး သေဆုံးပြီးနောက် ဂါဇာမှာ အပစ်ရပ်ဖို့ ကြက်ခြေနီအဖွဲ့ ပန်ကြားတဲ့ နိုင်ငံတကာသတင်းအပြင် နောက်ဆုံးရကုန်စျေးနှုန်းနဲ့ တခြားအရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
#mizzimatv
#7pmnews
#mizzimaprimetime
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
------------------------
မေလ ၂၆ ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ … မည်သည့် လက်နက်ကိုင်တပ်နဲ့ နိုင်ငံရေးအဖွဲ့ကိုမှ လက်ခံထားခြင်းမရှိဘူးလို့ စစ်ခေါင်းဆောင်ကို မိုင်းလားတပ် NDAA ပြောတဲ့သတင်းနဲ့အတူ ဗုံးဒဏ်ခံ မြေအောက်ဆေးရုံဆေးခန်းတွေတည်ဆောက်နိုင်ရေး ဝိုင်းဝန်းညီပေးကြဖို့ ကျန်းမာရေးဝန်ကြီး တိုက်တွန်းတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကိုနားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့အတူ စစ်ကောင်စီ ဆုံးရှုံးခဲ့တဲ့ လေယာဉ်တွေအကြောင်းဆွေးနွေးထားတဲ့ Mizzima Editorial Talk အစီအစဥ်တို့ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#Mizzimaradio
#Eveningradio
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
------------------
From the publisher's feed