Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • မေလ ၂၆ ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဥ်

    ဒီကနေ့မှာတော့ …….ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အလုပ်လုပ်ကြရန် စစ်ခေါင်းဆောင်ပြောတဲ့သတင်းနဲ့အတူ လစာ၃၀၀,၀၀၀ ကျော်သာရပြီး လတိုင်းသေဆုံးမှုရှိနေကြောင်း ပြည်သူ့စစ်မှုထမ်း တပ်သားပြောတဲ့အကြောင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။အဲ့ဒီနောက်မှာတော့ တပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းတွေနဲ့အတူ အပတ်စဉ်အစီအစဉ်ဘက်မှာတော့ ဆူးခင်းလမ်းက ပန်းသတင်း အစီအစဉ်ကို နားဆင်ရဖို့ ရှိနေပါတယ်။

    32 min
  • မေလ ၂၅ ရက်၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဥ်

    ဒီကနေ့မှာတော့ …….တောင်ငူမှာ ၄ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်တဲ့သတင်းနဲ့အတူ မင်္ဂလာဆောင်ကို စစ်ကောင်စီ လေကြောင်းကဗုံးကြဲခဲ့တာကြောင့် သတို့သမီးအပါအဝင် သေဆုံးသူများပြားခဲ့တဲ့အကြောင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။အဲ့ဒီနောက်မှာတော့ တပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းတွေနဲ့အတူ အပတ်စဉ်အစီအစဉ်ဘက်မှာတော့ ဆူးခင်းလမ်းက ပန်းသတင်း အစီအစဉ်ကို နားဆင်ရဖို့ ရှိနေပါတယ်။

    31 min
  • မေလ ၂၅ ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဥ်

    ဒီကနေ့မှာတော့ ....မင်းကင်းမြို့ လေကြောင်းတိုက်ခိုက်ခံရမှု မွေးကင်းစ ကလေးငယ်အပါဝင် ၁၄ ဦးသေဆုံးတဲ့သတင်းနဲ့အတူ မွန်တော်လှန်ရေးတပ် ၂ ခု ပူးပေါင်း၊ အားလုံးပါဝင်သည့် မွန်တပ်ပေါ်ထွန်းရေး အစလို့ ပြောတဲ့အကြောင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ တပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းတွေတွေနဲ့အတူ သတင်းအမှားများကို တိုက်ဖျက်ခြင်း | Misinformation Buster အစီအစဉ်ကို နားဆင်ရဖို့ ရှိနေပါတယ်။


    #mizzimaradio

    #morningradio

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    31 min
  • မေလ ၂၄ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဥ်

    ဒီကနေ့မှာတော့ …စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကြောင့် တလအတွင်း သေဆုံးသူ ၁၂၀ ကျော်ရှိတဲ့သတင်းနဲ့အတူ အတုဟု စိစစ်တွေ့ရှိက နိုင်ငံကူးလက်မှတ် ပယ်ဖျက်မည်ဟု မြန်မာသံရုံးပြောတဲ့အကြောင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းတွေနဲ့အတူ သတင်းအမှားများကို တိုက်ဖျက်ခြင်း | Misinformation Buster အစီအစဉ်ကို နားဆင်ရဖို့ ရှိနေပါတယ်။


    #Mizzimaradio

    #Eveningradio

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    32 min
  • မေလ ၂၄ ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ .....အာဆီယံက စစ်ကောင်စီနှင့် ဆက်လက်ထိတွေ့ဆက်ဆံရန် လုပ်ဆောင်နေမှုကို ရှုတ်ချကြောင်း DMD ပြောတဲ့သတင်းနဲ့အတူ ပုသိမ်ကြီးတွင် ဖမ်းခံရသည့် ဟစ်ဟော့ ဂီတသမား ၁ ဦး ညတွင်းချင်း သတ်ခံရတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကိုနားဆင်ကြရပါမယ်။အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့အတူ အပတ်စဥ်ကဏ္ဏအနေနဲ့ Human Rights Barometer အစီအစဥ်တို့ကိုလည်းထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    #mizzimaradio

    #morningradio

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    33 min
  • မေလ ၂၃ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမသတင်းအစီအစဥ်

    မေလ ၂၃ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမသတင်းအစီအစဥ်


    - ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် နာရေးကို မနက်ဖြန် မင်္ဂလာဒုံစစ်သင်္ချိုင်းမှာ ပြုလုပ်မယ်


    - ပေါ်တာဆွဲခံရသူ ၂ ဦး PDF ထံ ခိုလှုံလာပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းတဲ့အထိ တိုက်ပွဲဝင်မယ်လို့ ကတိပြု


    - မုံရွာမြို့နယ် နဂါးတွင်းကျေးရွာမှာ လက်နက်ကြီးကြောင့် အရပ်သား ၂ ဦးသေဆုံး


    - ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် မော်စကိုလေဆိပ်မှာ လေယာဉ်ခရီးစဉ်တွေ ရပ်တန့်သွား


    - ဆန်ကို ငွေပိုပေးဝယ်မှုကြောင့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ကန်ဒေါ်လာ ၃၉၃ သန်း ဒဏ်ငွေချမှတ်ခံရတဲ့သတင်းအပါအဝင် ဒီနေ့အတွက် နောက်ဆုံးရ ရွှေဈေးနဲ့ ငွေဈေးကိုလည်း တင်ဆက်ပေးသွားဖို့ ရှိနေပါတယ်။


    #mizzimatv

    #7pmnews

    #mizzimaprimetime

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    14 min
  • မေလ ၂၃ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ .....လူငယ် အမျိုးသား၊ အမျိုးသမီးတွေ ပြင်ပထွက်ခွာခွင့် AA တားမြစ်တဲ့သတင်းနဲ့အတူ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၉၇ ရာခိုင်နှုန်းကျော်ဟာ အင်တာနက်ဖြတ် တောက်ခံထားရတဲ့ ဒေသများတွေကဖြစ်ကြောင်း မြန်မာအင်တာနက်ပ​ရောဂျက် (MIP)ဖော်ပြတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကိုနားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့အတူ အပတ်စဥ်ကဏ္ဏအနေနဲ့ Human Rights Barometer အစီအစဥ်တို့ကိုလည်းထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။


    #Mizzimaradio

    #Eveningradio

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    32 min
  • မေလ ၂၃ ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... ငလျင်နဲ့ ပြည်တွင်းစစ်ကြောင့် ကလေးတွေသေဆုံးနေရကြောင်း Miss World အလှမယ် ထုတ်ပြောတဲ့သတင်းနဲ့ အတူ ကျောက်ဆည်မြို့မှာ မီးလောင်မှုကြောင့် မိသားစုဝင် ၄ ဦး သေဆုံးခဲ့တဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေကို ကြားကြရမှာပါ။


    သတင်းတွေ အပြီးမှာတော့ လေး၀တီ FM က ပေးပို့ထားတဲ့ အပတ်စဉ်ရခိုင်သတင်းအစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။

    30 min
  • မေလ ၂၂ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမ သတင်းအစီအစဥ်

    - ပစ်ချခံရတဲ့ ရဟတ်ယာဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးရုပ်အလောင်းတွေ့ကြောင်း KIA ပြော


    -စစ်တက္ကသိုလ်တွင် စာသင်ပေးနေသူ ၀ဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစား ဗိုလ်မှူးချုပ် ပစ်ခတ်ခံရ


    -ငလျင် နှင့် ပြည်တွင်းစစ်ကြောင့် ကလေးများသေဆုံးနေရကြောင်း Miss World အလှမယ် ထုတ်ပြော


    -ခြံအမှတ်(၅၄) လေလံဈေး ဒေါ်အောင်ဆန်းစုကြည်ဘက်က သတ်မှတ်​ပေးရန် တင်ပြချက် တရားရုံးပယ်ချ


    -ဘင်္ဂလားဒေ့ရှ် အဓိကပါတီက အစိုးရကိုကန့်ကွက်


    ဒီသတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ နောက်ဆုံးရ ရွှေဈေး၊ ငွေဈေးတွေကိုလည်း စုစည်းတင်ဆက်ပေးသွားမှာပါ။


    16 min
  • မေလ ၂၂ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...

    စစ်တက္ကသိုလ်မှာ စာသင်ပေးနေသူ ၀ဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစား ဗိုလ်မှူးချုပ်ကို မြို့ပြပြောက်ကျားအဖွဲ့ "ပစ်ခတ်ရှင်းလင်း" တဲ့သတင်းနဲ့အတူ ခြံအမှတ်(၅၄) လေလံဈေး ဒေါ်အောင်ဆန်းစုကြည်ဘက်က သတ်မှတ်ပေးဖို့ တင်ပြချက် တရားရုံးပယ်ချတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေကို နားဆင်ရမှာပါ။


    နိုင်ငံတကာဘက်မှာတော့ ဘင်္ဂလားဒေ့ရှ် အဓိကပါတီက အစိုးရကိုကန့်ကွက်အကြောင်းကို ကြားရမှာပါ။


    အဲ့ဒီ့နောက်မှာတော့ လေး၀တီ FM က ပေးပို့ထားတဲ့ အပတ်စဉ် ရခိုင်သတင်းအစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။

    30 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.