Mizzima 108FM

Mizzima 108FM Daily News


Listen Later

Mizzima 108FM ၏ နိုဝင်ဘာလ ၈ ရက် ည ၈ နာရီထိ နောက်ဆုံးရသတင်းများ


Update News on Mizzima 108FM November 8 at 8PM



108 FM ရဲ့ နိုဝင်ဘာ ၈ ရက် တနင်္လာနေ့ည သတင်းတွေကို စတင်ပါတော့မယ်။


ဒီနေ့ညရဲ့ သတင်းတွေထဲမှာ


ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို  ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်၊ သေဆုံးသူနှင့် ဒဏ်ရာရသူများရှိဟုဆို


ကလေးမြို့မှ ချင်းတောင်သို့တက်လာသည့် စကစ ယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ ဗုံးခွဲတိုက်ခိုက်


မုံရွာမြို့  ဆည်မြောင်းရုံးရှိ စစ်ကောင်စီတပ်ကို မြို့ပြ ပြောက်ကျား ၄ ဖွဲ့ ပူးပေါင်း တိုက်ခိုက်


စဉ့်ကူးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးအသတ်ခံရ၍ စစ်တပ်က ရွာကိုဝင်ဖျက်ဆီး၊ ရွာလုံးကျွတ်ပြေး နေရ


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ကြီးတွေကို နှုတ်ထွက်ခွင့်မပြု


ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီး တိုက်ပွဲဖြစ်၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ


စစ်တပ်ညစ်ကွက်ကို ဖျက်ဖို့ CRPH, NUG ဒီ့ထက် ရုန်းဖို့ လိုနေပြီ...(ဆောင်းပါး)နဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။


...more
View all episodesView all episodes
Download on the App Store

Mizzima 108FMBy Mizzima Radio