Mizzima 108FM

Mizzima 108FM Daily News


Listen Later

Mizzima 108FM ၏ ဒီဇင်ဘာလ ၇ ရက် ည ၆ နာရီခွဲထိ နောက်ဆုံးရသတင်းများ


Update News on Mizzima 108FM December 7 at 6:30 PM



Mizzima Radio ရဲ့ ဒီဇင်ဘာ ၇ ရက်နေ့ အင်္ဂါနေ့ည သတင်းတွေတွေကို ကျမ ဝေယံမိုးမြင့်နဲ့ မှုးက တင်ဆက်ပေးမှာပါ။


ဒီနေ့ရဲ့ သတင်းတွေထဲမှာ


ချမ်းမြသာစည်မြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်၍ နေအိမ်အတွင်း ဆော့ကစားနေသည့် ၅နှစ်အရွယ် ကလေးငယ် ဦးခေါင်း ကျည်ဆံထိမှန် သေဆုံး


ကော့မှူး ဝါးဘလောက်သောက် ရဲစခန်းနှင့် ခရမ်း သစ်တောဂိတ်ရှိ စစ်ကောင်စီတပ်များကို PDF တိုက်ခိုက်၊ အနည်းဆုံး ၃ ဦး သေဆုံးဟုဆို


စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မြို့နယ်မှူးလိုက်ပါလာသည့် အိမ်စီးကား မိုင်းဆွဲခံရ


ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီ ထောက်ပို့ကား မိုင်း ၁၂ လုံးဆွဲ တိုက်ခိုက်ခံရ၊ အသေအပျောက်ရှိ ဟုဆို


ဖမ်းဆီးသွားသည့် ထမင်းဆိုင်ရှင်အလောင်းလာယူရန် စစ်ကောင်စီအကြောင်းကြား


မန္တလေးစည်ပင်ဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ် ဗုံးခွဲတိုက်ခိုက်ခံရ


အောင်မြေသာစံမြို့နယ်က ဒု-ရဲချုပ်အောင်နိုင်သူ နေအိမ် ဗုံးပစ်ခံရဟုဆို


ကားဖြင့်တိုက် ဖြိုခွင်းခံခဲ့ရသော ကြည့်မြင်တိုင်သပိတ်တွင် ဖမ်းဆီးခံခဲ့ရသည့် MPA သတင်းထောက် သတိပြန်ရ


ကုလစင်မြင့်တွင် မြန်မာကိုယ်စားပြု ဦးကျော်မိုးထွန်းသာ ရှိမည်၊ အထွေထွေညီလာခံက စစ်ကောင်စီ ကိုယ်စားလှယ်ကို လက်မခံ


ကံမတွင် စစ်ကောင်စီက ပေါ်တာထမ်းရန်ဟုဆိုကာ လူတောင်းနေ၍ လူငယ်များ ရှောင်တိမ်းနေရဟုဆို


ပလက်ဝတွင် ပြည်သူ့စစ်သင်တန်း တက်ရောက်ရန် စည်းရုံးနေမှု CDF- ပလက်ဝ ပြင်းပြင်းထန်ထန် ကန့်ကွက်


သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကို ချမှတ်ခဲ့သော ထောင်ဒဏ် ၄ နှစ်အနက် ၂ နှစ်ကို လွတ်ငြိမ်းခွင့် ပြုကြောင်း စစ်ကောင်စီ ကြေညာ


အောင်လံလွှင့်ချီ နွေဦးထီ ပေါက်မဲ ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ အထူးဆု ၁ ဆု ထပ်တိုး


စတဲ့ သတင်းတွေကို တင်ဆက်ပေးမှာပါ။


ပြည်တွင်းသတင်းတွေတင်ဆက်လို့အပြီးမှာတော့ ဆက်သွယ်မေးမြန်းချက်၊ နားဆင်ခံစား ဆောင်းပါးများအစီအစဉ်၊ နိုင်ငံတကာသတင်းနဲ့ BNI Radio အစီအစဉ်တွေကို တင်ဆက်ပေးမှာပါ။

...more
View all episodesView all episodes
Download on the App Store

Mizzima 108FMBy Mizzima Radio