ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...ကော့သောင်း−ရနောင်းနယ်စပ်ကတဆင့် ထိုင်းနိုင်ငံကိုသွားမယ့် အသက် ၁၈ ကနေ ၃၅ နှစ်ကြားအမျိုးသားတွေကို စစ်ကောင်စီထွက်ခွာခွင့်ပိတ်လိုက်တဲ့သတင်းနဲ့အတူ မန္တလေးမှာ စစ်ကောင်စီတပ်က စစ်ဆေးမှုပြုလုပ်ရာကနေ လူငယ် ၂ ဦးသေဆုံးရတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့နောက်ဆုံးရ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ “Mizzima Editorail Talk” အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။