Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • ဩဂုတ်လ ၂၇ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    - တောင်ငူလေတပ်စခန်းဌာနချုပ် တိုက်ခိုက်မှုမှာ ဗိုလ်မှူးကြီး အပါအဝင် ၈ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရတယ်လို့ NUG ပြောတဲ့သတင်း


    - ရန်ကုန်အပါအဝင်ဒေသ ၅ ခု မိုးဆက်ကောင်းနိုင်ပြီး စစ်တောင်းနဲ့သံလွင်မြစ် စိုးရိမ်ရေမှတ်အထက်မြင့်တက်နေတဲ့သတင်း


    - မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီ ဘတ်ငွေ ၉ သန်းကို ထိုင်းက အာဆီယံ AHA စင်တာကတဆင့် ပေးအပ်တဲ့သတင်းနဲ့


    - ဟုမ္မလင်းတိုက်ပွဲ စစ်ကောင်စီပူးပေါင်းတပ်ဘက်က ၁၅ ဦးသေဆုံးပြီး SNA ၅ ဦးကို အရှင်မိတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    13 min
  • ဩဂုတ်လ ၂၇ ရက်၊ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့.....ပုသိမ်မြို့မှာ စစ်မှုထမ်းဖို့ ပေါ်တာဆွဲမယ်လို့ သတင်းထွက်ပေါ်နေတဲ့အကြောင်းနဲ့အတူရန်ကုန်အပါအဝင်ဒေသ ၅ခုမိုးဆက်ကောင်းနိုင်ပြီး စစ်တောင်းနဲ့ သံလွင်မြစ် စိုးရိမ်ရေမှတ်အထက်မြင့်တက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။  အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ “Mizzima Editorail Talk” အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    41 min
  • ဩဂုတ်လ ၂၆ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    ဩဂုတ်လ ၂၆ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    =======================

    - သပိတ်ကျင်းမြို့သိမ်းနိုင်ပြီလို့ NUG ကြေညာတဲ့သတင်း


    - ရပ်ကွက်ကျေးရွာအလိုက် လုံခြုံရေးအဖွဲ့တွေဖွဲ့ဖို့ စစ်ခေါင်းဆောင်ပြောတဲ့သတင်း


    - ဒီပဲယင်း မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ ဗိုလ်ကျားကြီးအဖွဲ့ကို အရာတော်ဒေသခံ တွေ သပြေပန်းနဲ့ ဂုဏ်ပြုတဲ့သတင်း


    - ဘင်္ဂလားဒေ့ရှ်မှာ မြစ်ရေကြီးမှုကျဆင်းသွားပေမယ့် လူ ၃ သိန်းခန့် ကယ်ဆယ်ရေးစခန်းမှာ နေထိုင်နေရဆဲဆိုတဲ့ သတင်း


    - ညနေ ၅ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။


    #mizzimatv

    #7pmnews

    #mizzimaprimetime

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    30 min
  • ဩဂုတ်လ ၂၆ ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဩဂုတ်လ ၂၆ ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...သပိတ်ကျင်းမြို့သိမ်းနိုင်ပြီလို့ NUG ကြေညာပြီး မန္တလေးတိုင်းတွင်း မြို့ ၄မြို့ကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့သတင်းနဲ့အတူ ရပ်ကွက်၊ ကျေးရွာနဲ့ လမ်းတွေအလိုက် လုံခြုံရေးစနစ်တွေ တည်ဆောက်ဖို့ စစ်ကောင်စီခေါင်းဆောင်ပြောတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့နောက်ဆုံးရ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ “Mizzima Editorail Talk” အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Eveningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    1 hr 1 min
  • ဩဂုတ်လ ၂၆ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    - မောင်တောမြို့ကို မကြာခင် အလုံးစုံထိန်းချုပ်နိုင်တော့မယ်လို့ AA ဆိုတဲ့သတင်း


    - လက်ပံတန်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ သေဆုံး၊ ၁၀ ဦး ဖမ်းမိတဲ့သတင်း


    - မြင်းခြံမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီယာဉ်တန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်တဲ့သတင်း


    - အိန္ဒိယနိုင်ငံမှာ မြန်မာငွေ သိန်း ၂,၅၀၀ ကျော်ဖမ်းဆီးရမိတဲ့ သတင်း အပါအဝင်တခြား စိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    10 min
  • ဩဂုတ်လ ၂၆ ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ -ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို မမေ့မလျော့ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောလိုက်တဲ့သတင်း နဲ့အတူ -မောင်တောမြို့ကို မကြာခင် အလုံးစုံထိန်းချုပ်နိုင်တော့မည်ဟု AA ဆိုလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး ဧရာဝတီ အမှတ်(၃)တပ်ရင်း၏ စစ်ရေး၊ နိုင်ငံရေး၊ ရည်မှန်းချက်များနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်ကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ Key to Health ကိုလည်း နားဆင်ရမှာပါ။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    33 min
  • ဩဂုတ်လ ၂၅ ရက် ၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ -အိန္ဒိယနိုင်ငံတွင် မြန်မာငွေ သိန်း ၂,၅၀၀ကျော်ဖမ်းဆီးလိုက်တဲ့သတင်း နဲ့အတူ -မြင်းခြံတွင် ကင်းလှည့်နေသည့် စစ်ကောင်စီယာဉ်တန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ သတင်းပေးပို့ချက်အနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ထောက်ခံတဲ့ နိုင်ငံတွေ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေအနေနဲ့ တာဝန်ယူရလိမ့်မယ်လို့ NUCC သတိပေးလိုက်တဲ့သတင်းကို နားဆင်ရမှာပါ။ နောက်ထပ် အပတ်စဉ်ကဏ္ဏအနေနဲ့ Key to Health အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။

    1 hr 2 min
  • ဩဂုတ်လ ၂၅ ရက် ၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ - ရေစကြိုတွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံးခဲ့တဲ့သတင်းနဲ့အတူ - ဆားလင်းကြီးတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ကျောင်းသူအပါ ၂ ဦး ဒဏ်ရာရတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မြို့ရွာများ စခန်းများကို ထိန်းထားနိုင်ရန် NUG စနစ်တကျ ပြင်ဆင်နေတဲ့သတင်း ကိုနားဆင်ရမှာဖြစ်ပါတယ်။

    နောက်ဆုံးမှာတော့ အပတ်စဉ်ကဏ္ဏအစီအစဉ်ဖြစ်တဲ့ သံစဉ့်အိမ် အစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်ရှင်။

    35 min
  • ဩဂုတ်လ ၂၄ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ - NCA ထိုးထားသည့် အဖွဲ့များနှင့် စစ်ကောင်စီထပ်မံတွေ့ဆုံခဲ့ပြီး အဲ့ဒီပွဲကို RCSS မတက်ရောက်ခဲ့တဲ့သတင်းနဲ့အတူ - ဖူးခက်မြေပြိုမှုတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၉ ဦး သေဆုံး၊ ၃ဦး ပျောက်ဆုံးနေတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။


    ဆက်လက်ပြီး တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ နောက်ထပ်အစီအစဉ်အနေနဲ့ တရုတ်စီမံကိန်း ၁၀ခုကို EAO နဲ့ PDF တွေ အပြည့်အ၀ထိန်းချုပ်ထားနိုင်ကြောင်း ISP – Myanmar ထုတ်ပြန်လိုက်တဲ့အကြောင်း သတင်းပေးပို့ချက်ကိုတင်ဆက်ပေးမှာပါ။


    အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအစီအစဉ်ဖြစ်တဲ့ သံစဉ့်အိမ် အစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။

    1 hr 3 min
  • ဩဂုတ်လ ၂၄ ရက် ၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ - မြန်မာနိုင်ငံမှာ အင်တာနက် ဖြတ်တောက်မှာ အဆိုးဝါးဆုံးဖြစ်နေတယ်လို့ Global Indexနှင့်အဖွဲ့အစည်းတွေ ပြောတဲ့သတင်းနဲ့အတူ လူထုသပိတ်တွေဟာ နွေဦးရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေဆဲဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။


    အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။

    အပတ်စဉ်အစီအစဉ်ဘက်မှာတော့ ဆက်သွယ်မေးမြန်းချက်အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    40 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.