Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • ဩဂုတ်လ ၃ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...ဆေးရုံများကို စစ်ကောင်စီ တိုက်ခိုက်၍ ၈ ဦးသေဆုံးမှု NUG ပြင်းထန်စွာရှုတ်ချခဲ့တဲ့သတင်းနဲ့အတူ -စစ်တောင်းမြစ်ရေ တက်လာပြီး တောင်ငူမြို့နယ်က ရွာတချို့ ရေဝင်နစ်မြုပ်နေတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ နောက်ထပ်အစီအစဉ်အနေနဲ့ သတင်းဆောင်းပါးကဏ္ဏကိုတင်ဆက်ပေးမှာပါ။ အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအစီအစဉ်ဖြစ်တဲ့ သံစဉ့်အိမ် အစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။ ဂျူချန်းနဲ့အတူ တင်ဆက်ပေးပါမယ်ရှင်။

    1 hr 2 min
  • ဩဂုတ်လ ၃ ရက် ၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ မှော်ဘီမှာ စစ်ကောင်စီရဟတ်ယာဉ်ပျက်ကျမှု ဗိုလ်ချုပ်စိုးတင်လတ်နဲ့ တွဲဘက်လေယာဥ်မှူးသေဆုံးတဲ့သတင်းနဲ့အတူ ရန်ကုန်အပါအဝင် မြို့အများအပြား စက်သုံးဆီပြဿနာကြီးမားနေတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့နောက်ဆုံးရ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ Human Rights Barometer အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    35 min
  • ဩဂုတ်လ ၂ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    - တရုတ်ရင်းနှီးမြှုပ်ထား တဲ့ တကောင်းနီကယ်စက်ရုံကို PDF သိမ်းပိုက်တဲ့သတင်း


    - ထီးချိုင့်မြို့ မောင်းကုန်းရွာ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ပြီလို့ NUG ကြေညာတဲ့သတင်း


    - ဒေါ်လာနဲ့ ဘတ်ငွေ စံချိန်တင်စျေးမြင့်တက်လာပြီး ရွှေစျေးလည်း ဆက်တိုက် တက်လာနေတဲ့သတင်း


    - စစ်အေးခေတ်နောက်ပိုင်း ရုရှားနဲ့ အနောက်တိုင်း အကြီးမားဆုံး အကျဉ်းသားလဲလှယ်မှု ပြုလုပ်တဲ့သတင်း


    - ညနေ ၅ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။

    30 min
  • ဩဂုတ်လ ၂ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဩဂုတ်လ ၂ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...

    ထီးချိုင့်မြို့ မောင်းကုန်းရွာ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ပြီလို့ NUG ကြေညာလိုက်တဲ့သတင်းနဲ့အတူ

    သံလွင်မြစ်အတွင်း စက်လှေ ၂ စီးမှောက်ပြီး လူ ၂ ဦး ပျောက်ဆုံးနေတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့နောက်ဆုံးရ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ဒါ့အပြင် နွေဦးတော်လှန်အောင်ပွဲခံ ဆောင်းပါးကဏ္ဏနဲ့အတူ အပတ်စဉ်အစီအစဉ်ဘက်မှာတော့ Human Rights Barometer အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    1 hr
  • ဩဂုတ်လ (၂) ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (ဟားခါး) ဘာသာ

    ၁။ တပ်မဟာ - ၁ ၏ မတူပီမြို့ပအဖ ပြန်လည်ဖွဲ့စည်းမှုက ယခင်မြို့ပအဖ အာဏာကို လုယူခြင်းဟု မတူပီ - တပ်မဟာ ၂ ထုတ်ပြန်

    ၂။ CDF-Hakha က ကယ်ထုတ်ခဲ့သော အကျဉ်းသား ၆၂ ဦးအနက် ထောင်ဒဏ်တစ်သက်ချမှတ်ခံရသူ ၇ ဦးပါဝင်ဟု CHRO ပြော

    ၃။ စစ်ခေါင်းဆောင်က ယာယီသမ္မတဟု စတင်သုံးစွဲပြီး နောက်ထပ် ၆ လသက်တမ်းတိုး

    ၄။ ကန်ပက်လက်မြို့နယ်က Non-CDM ဝန်ထမ်း ၉၀ နီးပါး အလင်းဝင်

    12 min
  • ဩဂုတ်လ (၂) ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (မီဇိုး) ဘာသာ

    ဩဂုတ်လ (၂) ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (မီဇိုး) ဘာသာ


    - တမူးမြို့နယ်က စစ်ဘေးရှောင် လူငယ် နှစ်ဦး မိုင်းနင်းမိလို့ သေဆုံးပြီး တစ်ဦး ဒါဏ်ရာ ရရှိ

    -ဖလမ်းမြို့နယ်တွင် စစ်ဘေးရှောင်ကားတိမ်းမှောက် အမျိုးသမီးတစ်ဦးသေဆုံး

    -CDF-Hakha က ကယ်ထုတ်ခဲ့သော အကျဉ်းသား ၆၂ ဦးအနက် ထောင်ဒဏ်တစ်သက်ချမှတ်ခံရသူ ၇ဦးပါဝင်ဟု CHRO ပြော

    -ကန်ပက်လက်မြို့နယ်က Non-CDM ဝန်ထမ်း ၉၀ နီးပါး အလင်းဝင်

    -စစ်ခေါင်းဆောင်က ယာယီသမ္မတဟု စတင်သုံးစွဲပြီး နောက်ထပ် ၆ လသက်တမ်းတိုး

    12 min
  • ဩဂုတ်လ (၂) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    ဩဂုတ်လ (၂) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    ================


    -တောင်ကုတ်နှင့် ဂွမြို့ အပါအဝင် လက်ကျန်စစ်စခန်း အားလုံးကို ဆက်လက် တိုက်ခိုက်သွားမည်ဟု AA သတိပေးလိုက်တဲ့သတင်း

    -ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှရဲမှူး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တဲ့သတင်း

    - စစ်ကိုင်းက တကောင်းနီကယ်စက်ရုံကို သိမ်းယူပြီး လုံခြုံရေးပေးထားကြောင်း NUG ပြောလိုက်တဲ့သတင်းနဲ့

    -ထိုင်းမှာ အထောက်အထားမဲ့ မြန်မာအလုပ်သမား တစ်သိန်းကျော် ဖမ်းဆီးမိတဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။


    #12pmnews

    #Mizzimanewshour

    #MizzimaTV

    ------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    9 min
  • ဩဂုတ်လ ၂ ရက်နေ့ ၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ ပဲခူးနှင့်ဘားအံတွင် ရေအနည်းငယ်ကျသော်လည်း ရေဘေးရှောင်သူများနေရပ်မပြန်နိုင်သေးတဲ့သတင်းနှင့်အတူ ကန်ပက်လက်မှာ စစ်ကောင်စီဝန်ထမ်း ကိုးဆယ်နီးပါး CDM ဝင်လာတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။

    ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ စားအုန်းဆီများကို လက်ကားရည်ညွှန်းဈေးအတိုင်းအိမ်တိုင်ရာ ရောက်ဖြန့်ဖြူးရောင်းချပေးမယ်လို့ MEODA က ကြေညာလိုက်တဲ့သတင်း ကိုနားဆင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အပတ်စဉ်ကဏ္ဏအစီအစဉ်ဖြစ်တဲ့ လေးဝတီFM ကပေးပို့တဲ့ ရခိုင်သတင်းအစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်ရှင်။

    34 min
  • ဩဂုတ်လ ၁ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    - နိုင်ငံတဝန်း တိုက်ပွဲ ပြင်းထန်နေချိန် စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသစ် ထပ်ခေါ် တဲ့သတင်း


    - သက်ဆိုင်သူ အားလုံးနှင့် ထိတွေ့ဆက်ဆံရန် အမေရိကန် တောင်းဆိုတဲ့သတင်း


    - ပဲခူးနှင့်ဘားအံတွင် ရေအနည်းငယ်ကျဆင်းသော်လည်း ရေဘေးရှောင်များနေရပ်မပြန်နိုင်သေးတဲ့အကြောင်း


    - ကျပ် ၂၀,၀၀၀ တန် ဖြန့်ဝေသည့်ကိစ္စ စစ်ကောင်စီဗဟိုဘဏ် ငြင်းဆိုတဲ့သတင်း


    - မြစ်ကြီးနား မြို့အဝင်လမ်းပိုင်းများ အားလုံးကို စစ်ကောင်စီ လုံခြုံရေးတင်းကျပ်ထားတဲ့သတင်း နဲ့


    - ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲကို ရုရှား တက်ရောက်ဖို့ လိုလားတယ်လို့ ယူကရိန်း ပြောတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ ဒီနေ့ရဲ့ နောက်ဆုံးရ ငွေလဲနှုန်းတွေကိုလည်း စုစည်းတင်ဆက်ပေးသွားမှာပါ။

    27 min
  • ဩဂုတ်လ ၁ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ -သက်ဆိုင်သူ အားလုံးနှင့် ထိတွေ့ဆက်ဆံရန် စစ်ကောင်စီကို အမေရိကန် တောင်းဆိုလိုက်တဲ့သတင်း နဲ့အတူ -မြစ်ကြီးနား မြို့အဝင်လမ်းပိုင်းများ အားလုံးကို စစ်ကောင်စီ လုံခြုံရေးတင်းကြပ်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။

    ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ ကျပ် ၂၀,၀၀၀ တန် ဖြန့်ဝေသည့်ကိစ္စ စစ်ကောင်စီဗဟိုဘဏ် ငြင်းဆိုလိုက်တဲ့သတင်းကို နားဆင်ရမှာပါ။

    နောက်ထပ် အပတ်စဉ်ကဏ္ဏအနေနဲ့ လေးဝတီFM ကပေးပို့တဲ့ ရခိုင်သတင်း အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။

    1 hr 10 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.