
Sign up to save your podcasts
Or


မဇ္ဈိမ။ ။ တနိုင်ငံလုံး လျှပ်စစ်ကား၊ လျှပ်စစ်ရထား ပြေးဆွဲနိုင်ရေးကိစ္စ နဲ့ NCA မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို တနှစ်အတွင်း NCA ထိုးနိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်းတွေအပါအဝင် အာဏာသိမ်း သုံးနှစ်တာကာလထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ပြောကြားချက်တွေထဲက ဖြစ်မလာခဲ့တဲ့၊ ဖြစ်လာအောင်မစွမ်းဆောင်နိုင်ခဲ့တဲ့ အကြောင်းအရာတွေအကြောင်းကို ဒီတပတ် မဇ္ဈိမ Editorial Talk အစီအစဉ်မှာ သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်း နဲ့ သတင်းထောက် ဂျူချန်းတို့က ဆွေးနွေးထားပါတယ်။
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... ဖားဆောင်းမှာ စစ်ကောင်စီထောက်ပို့ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ကြောင်း KNDF အတည်ပြုတဲ့ သတင်းနဲ့ အတူ စကခ(၁၅)တပ်မဌာနချုပ် ဒုတပ်မမှူးဦးဆောင်တဲ့ စစ်သားတွေနဲ့ တပ်မိသားစုဝင် ရာချီ AA ထံအညံ့ခံတဲ့အကြောင်း တွေကိုကြားကြရမှာပါ။နိုင်ငံတကာဖက်မှာတော့ အင်ဒိုနီးရှားမှာ ရေကြီးရေလျှံ မြေပြိုမှုတွေကြောင့် လူ ၁၅ ဦးသေဆုံးတဲ့ သတင်းအပါအဝင် မျက်ကန်းမျိုးချစ်တွေအဖြစ် ဘိုင်ဒင်ရဲ့မှတ်ချက်စကားကို မလျှော်ကန်ဟုဂျပန်ပြောတဲ့ သတင်းတွေကို နားဆင်ကြရပါမယ်။အဲဒီ့နောက်မှာတော့ ပြည်တွင်းသတင်းလွှာနဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ Mizzima Editorial Talk အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
-ဖားဆောင်းမှာ စစ်ကောင်စီထောက်ပို့ ရဟတ်ယာဉ် ပစ်ချနိုင်ခဲ့ကြောင်း KNDF အတည်ပြုလိုက်တဲ့သတင်း
-မြန်မာစစ်ဘေးရှောင်တွေ ဝင်ရောက်လာပြီးနောက် တရားမဝင် အရက်ထုတ်လုပ်မှုတိုးမြင့်လာတယ်လို့ မီဇိုရမ် အစိုးရ တာဝန်ရှိသူ ဆိုလိုက်တဲ့သတင်း
-မြ၀တီမှာ စမတ်ကတ် UID နံပါတ်အတွက် ကျပ်နှစ်သိန်းလောက် ဈေးပေါက်နေတဲ့သတင်းနဲ့
-အင်ဒိုနီးရှားမှာ ရေကြီးရေလျှံ မြေပြိုမှုတွေကြောင့် ၁၅ ဦးသေဆုံးတဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။
Google Podcast
https://tinyurl.com/chdm5d3e
Anchor Podcast
https://anchor.fm/mizzima108fm
Radio Public
https://radiopublic.com/mizzima-108fm-693aa1
Spotify
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
Apple Podcast
https://podcasts.apple.com/.../mizzima-108fm/id1581394789
-ဖားဆောင်းမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေတဲ့သတင်း
-ရှမ်းတော်လှန်ရေးတပ် SSPP/SSA လည်း နိုင်ငံရေးစားပွဲဝိုင်းမှာ အဖြေရှာဖို့နည်းလမ်းမရှိတော့တာကြောင့် တိုက်ပွဲဖြစ်ရတော့မယ်လို့ကြေညာလိုက်တဲ့သတင်း
-ရွှေကုက္ကိုလ်အပါအဝင် မြဝတီမြို့နယ်အတွင်းက အွန်လိုင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေထွက်ခွာဖို့ BGF သတိပေးစာထုတ်လိုက်တဲ့သတင်းနဲ့
-ကက်ရှ်မီးယားသူပုန်တွေလို့ ယူဆရသူတွေရဲ့ တိုက်ခိုက်မှုအတွင်း အိန္ဒိယလေတပ်သား ၁ ဦးသေဆုံး တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ
အစီအစဉ်များကို Internet Podcast များတွင်လည်း နားဆင်နိုင်ပါသည်။
Google Podcast
https://tinyurl.com/chdm5d3e
Anchor Podcast
https://anchor.fm/mizzima108fm
Radio Public
https://radiopublic.com/mizzima-108fm-693aa1
Spotify
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
Apple Podcast
https://podcasts.apple.com/.../mizzima-108fm/id1581394789
-နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၈၈ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထပ်မံဝင်ရောက်ခိုလှုံလာတဲ့သတင်း
-လာအိုရောက် တော်လှန်ရေးထောက်ပို့အဖွဲ့ဝင် ၁၇ ဦး ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရတဲ့သတင်း
-ပြည်ပထွက် အလုပ်လုပ်ခွင့်ပိတ်ပင်မှုက တရားမဝင်လမ်းကြောင်းမှ သွားရောက်သူ ပိုများလာစေနိုင်လို့ဆိုတဲ့အကြောင်း
-တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ အမာခံတိုက်ခိုက်ရေးအင်အား ၃ ပုံ ၂ ပုံခန့် ယိုယွင်းပြုန်းတီးသွားပြီလို့ NUG ထုတ်ပြန်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် နိုင်ငံတကာသတင်းတွေကို ဂျူချန်း ကစုစည်းတင်ဆက်ပေးထားပါတယ်။
Google Podcast
https://tinyurl.com/chdm5d3e
Anchor Podcast
https://anchor.fm/mizzima108fm
Radio Public
https://radiopublic.com/mizzima-108fm-693aa1
Spotify
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
Apple Podcast
https://podcasts.apple.com/.../mizzima-108fm/id1581394789
ဒီကနေ့မနက်မှာတော့ -ပြည်ပထွက် အလုပ်လုပ်ခွင့်ပိတ်ပင်မှုက တရားမဝင်လမ်းကြောင်းကနေ သွားရောက်သူ ပိုများလာစေနိုင်လို့ဆိုလိုက်တဲ့သတင်းနဲ့အတူ -အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သား ၃ ဦး ကျားဖြူစစ်ကြောင်းထံ အလင်းဝင်လာတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ Women and Childrens' Hour အစီအစဉ်ကိုလည်း ထုတ်လွှင့်ဖို့ရှိပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဂျူချန်းနဲ့အတူ တင်ဆက်ပေးပါမယ်ရှင်။
ဒီကနေ့မနက်မှာတော့ -ထန်တလန်မှာ မိုးသီးများရွာချတာကြောင့် လူနေအိမ် ၆၀၀ နီးပါးပျက်စီးသွားတဲ့သတင်းနဲ့အတူ -ဘူးသီးတောင်အခြေစိုက် စကခ(၁၅) ဌာနချုပ်အပါအဝင် ခြေမြန်တပ်ရင်း ၂ ခုကို AA သိမ်းပိုက်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး -နယ်စပ်ဖြတ်ကျော်ရာမှာ လိုအပ်တဲ့ UID ကတ် အမြန်ပြုလုပ်ကြေး ငွေကျပ် ၁၀၀,၀၀၀ အထိ မြဝတီမှာ တရားမဝင် စျေးပေါက်နေတဲ့အကြောင်း သတင်းလွှာကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ သံစဉ့်အိမ်အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ကိုနောင်နောင်နဲ့အတူ တင်ဆက်ပေးပါမယ်ရှင်။
ဒီကနေ့မနက်မှာတော့ -ဒေါက်တာခလမ်ဆမ်ဆွန်ကို နေအိမ်သို့ အမြန်ဆုံး ပြန် လည်ရောက်ရှိဖို့ မျှော်လင့်ကြောင်း သဘောထားထုတ်ပြန်ချက် ကေဘီစီကြေညာလိုက်တဲ့သတင်း
-တိုက်ပွဲကြောင့် တနင်္သာရီ-ဘုတ်ပြင်းလမ်း ၄ရက်ဆက်ပိတ်မိနေတဲ့အကြောင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။
ဆက်လက်ပြီး တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။
နောက်ဆုံးမှာတော့ အပတ်စဉ် ကဏ္ဏအနေနဲ့ အတိုင်ပင်ခံကောင်စီ (NUCC) အခန်းကဏ္ဍကို ဆန်းစစ်ခြင်းနှင့် တိုင်းပြည်ရေးရာအဖြာဖြာ | Exclusive Interview အစီအစဉ်ရဲ့အပိုင်း ၂ ကို ထုတ်လွှင့်သွားဖို့ရှိပါတယ်။
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... ထိုင်းမှာ အမျိုးသမီး ၂၀ ကျော် အပါဝင် မြန်မာရွှေ့ပြောင်း လုပ်သား ၇၀ ကျော် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ဖမ်းဆီးခံရတြ့သတင်းနဲ့အတူ -မူဆယ်မှာ စမတ်ကတ် UID နံပါတ်အတွက် ကျပ်ခြောက်သိန်းကျော် စျေးပေါက်နေတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ အဲ့ဒီနောက်မှာတော့ ဒီကနေ့ရဲ့ ငွေလဲနှုန်းနဲ့ ကုန်စျေးနှုန်းတွေနဲ့ -စာနယ်ဇင်းလွတ်လပ်ခွင့်ကို တားဆီးတဲ့ ဘယ်လို ကန့်သတ်မှုမျိုးကိုမဆို ဆန့်ကျင်ကြောင်း NUG ပြောလိုက်တဲ့အကြောင်းသတင်းလွှာကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ် ကဏ္ဏအနေနဲ့ အတိုင်ပင်ခံကောင်စီ (NUCC) အခန်းကဏ္ဍကို ဆန်းစစ်ခြင်းနှင့် တိုင်းပြည်ရေးရာအဖြာဖြာ| Exclusive Interview အစီအစဉ်ရဲ့အပိုင်း ၂ ကို ထုတ်လွှင့်သွားဖို့ရှိပါတယ်။ နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
From the publisher's feed