မြန်မာ့အရေး အာဆီယံ ပိုမိုဆောင်ရွက်ဖို့ ထိုင်းတောင်းဆိုလိုက်တဲ့သတင်းနဲ့အတူ
ကြည့်မြင်တိုင်မြို့နယ်က ပန်းပင်ကြီးလမ်းသပိတ်ဖြိုခွင်းမှုမှာ သတင်းပေးသူလို့ဆိုသူ အမျိုးသား အနီးကပ်ပစ်သတ်ခံရတဲ့သတင်း အပါအဝင်နောက်ဆုံးရ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ တပတ်အတွင်းက နိုင်ငံတကာသတင်းတွေကို ကိုနွေဦးမောင်ကပြောပြပေးမှာဖြစ်ပါတယ်။
ဆက်လက်ပြီး အပတ်စဉ်ကဏ္ဏတွေအနေနဲ့ နိုင်ငံတကာမှာ မျက်စိလည်စေတဲ့ ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (အေအေ) နှင့် စစ်ကောင်စီတိုက်ပွဲတွေမှာ ရိုဟင်ဂျာတွေကပါဝင်နေတဲ့ ကိစ္စ၊ AA ဆန့်ကျင်ရေးဆန္ဒပြမှုများနှင့် နိုင်ငံတကာတရားရုံးတွေမှာစွဲဆိုထားတဲ့ စစ်ကောင်စီရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ထားတဲ့ လူသားမျိုးနွယ်ဆိုင်ရာရာဇဝတ်မှုကြီးများ စတာတွေကိုဆွေးနွေးထားတဲ့ Human Rights Barometer အစီအစဉ်ကိုလည်းထုတ်လွှင့်သွားမှာဖြစ်ပါတယ်
အဲ့ဒီနောက်မှာတော့ "Cele City” အစီအစဉ်ကိုလည်း နားဆင်ရဖို့ရှိပါတယ်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789