ဒီကနေ့ညမှာတော့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ရက်ပေါင်းများစွာကြာ လူမြင်ကွင်းကပျောက်နေတဲ့သတင်းနဲ့အတူ
အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိုင်းနိုင်ငံချင်းမိုင်မှာ သုံးရက်ကြာတွေ့ဆုံ ဆွေးနွေးကြတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ Human Rights Barometer အစီအစဉ်ကိုတင်ဆက်သွားမှာပါ။ ဒီအပတ်မှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မဟာမင်းကြီးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာနဲ့ပတ်သက်လို့ နိုင်ငံတကာသို့ NUG ဝန်ကြီးရဲ့ ပြောကြားချက်တွေကို နားဆင်ကြရမှာပါ။
ဆက်လက်ပြီး ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီဝင်နဲ့ ဆက်သွယ်မေးမြန်း ချက်ကိုလည်းထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789