စစ်ကောင်စီ လက်နက်ငွေကြေးထောက်ပံ့မှု မရအောင် အရေးယူဖို့ ကုလမှာ NUG တိုက်တွန်းတဲ့သတင်းနဲ့အတူ
တာမခန်ကျေးရွာမှာရှိတဲ့ စစ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချ ထွက်ပြေးပြီး KIA စခန်းသိမ်းပိုက်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ တပတ်အတွင်းက ထူးခြားနိုင်ငံတကာသတင်းတွေကို တင်ဆက်သွားမှာပါ။ ဆက်လက်ပြီး အပတ်စဉ်ကဏ္ဏအဖြစ် အမျိုးသမီးကဏ္ဏအစီအစဉ်ကိုလည်းတင်ဆက်သွားမှာပါ။
ဒီတပတ်မှာတော့ စစ်တပ်ကအာဏာသိမ်းယူထားတဲ့ မြန်မာနိုင်ငံမှာအမျိုးသမီးတွေဟာ မလုံခြုံမှု၊ စိုးရိမ်ပူပန်မှုတွေကို နေ့စဉ်နဲ့အမျှ ခံစားနေရပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်မွန်းနေလီကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားတာကို ထုတ်လွှင့်သွားမှာပါ။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNIရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789