ဒီကနေ့ညမှာတော့ စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းမှုအပေါ် အရေးယူဖို့ ကုလသမဂ္ဂထံ အိတ်ဖွင့်ပေးစာ ပေးပို့တဲ့သတင်းနဲ့အတူ
ဖမ်းဆီးခံရတဲ့ သတင်းသမားအပါအဝင် ၇ဦးကို သတ်ဖြတ်လိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံအရာရှိတွေဝန်ခံလိုက်တဲ့အကြောင်းသတင်းလွှာအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းတွေကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။
ဆက်လက်ပြီး အပတ်စဉ်ကဏ္ဏအဖြစ် အမျိုးသမီးကဏ္ဏအစီအစဉ်ကိုတင်ဆက်သွားမှာပါ။ ဒီတပတ်မှာတော့ တော်လှန်ရေးကာလ ပညာဆက်မသင်နိုင်တဲ့ တိုင်းရင်းသားလူငယ်တွေရဲ့ အနာဂတ်ပညာရေးအတွက် စစ်ရှောင်လူငယ်တွေကို ပညာသင်ပေးနေသူဖြစ်ပြီးတော့ “နွေဦးဂုရုလေးများ ပညာရေးစင်တာ” ရဲ့ကျောင်းအုပ်တာဝန်လည်းယူထားတဲ့ မခင်စန္ဒာညွှန့် ကိုဖိတ်ခေါ်ဆွေးနွေးထားပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789