ဒီကနေ့ညမှာတော့ နေပြည်တော်ကောင်စီဝင်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတွေ ရာထူးကနေ ဖယ်ရှားခံရတဲ့သတင်းနဲ့အတူ
နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရုပ်သိမ်းဖို့ NUG တိုက်တွန်းတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းတွေကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။
ဒါ့ပြင်လွတ်မြောက်ရေးလမ်း ၃နှစ်ခရီးအဖြစ် တင်ဆက်ထားတဲ့ အစီအစဉ်ကို နားဆင်ကြရပါမယ်။ ခုခံတော်လှန်ရေးအင်အားစုတွေက ၂၀၂၃ မှာ စစ်ရေးအရ အောင်မြင်မှုတွေရှိခဲ့တယ်။ အထူးသဖြင့် အော်ပရေးရှင်း 1027 နောက်ပိုင်းမှာ ဖြစ်လာခဲ့တာတွေ့ရပါတယ်။ ၂၀၂၄ မှာရော ဘယ်လိုအလားအလာတွေရှိလဲ ဘယ်လိုစစ်မျက်နှာတွေပေါ်လာနိုင်လဲ ဆိုတာတွေကို ခန့်မှန်း သုံးသပ်ဖို့အတွက် Irrawaddy သတင်းဌာနရဲ့ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ဦးကျော်စွာမိုး နှင့် မြန်မာ့အရေးလေ့လာစောင့်ကြည့်သူတဦးဖြစ်တဲ့ ဦးကျော်ကျော်သိန်း တို့ကို မဇ္ဈိမသတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာဦးစိန်ဝင်းက ဆက်သွယ်ဆွေးနွေးထားတာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789