ဒီကနေ့ညမှာတော့ ......
အာဆာခေါင်းဆောင်နဲ့ အခြား ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီးရမိတဲ့သတင်းနဲ့အတူ လက်နက်ကိုင်တိုက်ပွဲတွေ ရပ်တန့်ပေးကြဖို့ စစ်ခေါင်းဆောင်ပြောတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းလွှာကဏ္ဏတို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။
အပတ်စဥ်အစီအစဥ်ဘက်မှာတော့ ဆက်သွယ်မေးမြန်းချက် အစီအစဥ်ကိုလည်း နားဆင်ကြရမှာပါ။
1:00 >> မဇ္ဈိမဝိုင်းတော်သားများ၏ နှုတ်ခွန်းဆက် ဆုတောင်း
2:18 >> အာဆာခေါင်းဆောင်နဲ့ အခြား ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီးရမိ
5:12 >> သင်္ကြန်ကာလ နေရပ် အလည်ပြန်မယ့် ထိုင်းရောက်ရွှေ့ပြောင်းမြန်မာတွေ နိုင်ငံကနေ ပြန်ထွက်ခွင့်မရမှာကို သတိပြုရန်လို
7:49 >> လက်နက်ကိုင်တိုက်ပွဲတွေ ရပ်တန့်ပေးကြဖို့ စစ်ခေါင်းဆောင်ပြော
9:26 >> ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို နိုင်ငံစုံက ပူးပေါင်းနှိမ်နင်းပေမဲ့ လူတစ်သိန်းထိ လုပ်ကိုင်နေကြဆဲ
10:20 >> ၃၇နှစ်မြောက် ချင်းတော်လှန်ရေးအထိမ်းအမှတ် အကျဥ်းသား ၇၂ဦး ကို CNF လွတ်ငြိမ်းခွင့်ပေး
12:00 >> နိုင်ငံတကာသတင်းများ
17:30 >> သတင်းလွှာကဏ္ဏ
19:30 >> နောက်ဆုံးရ ရွှေစျေး၊ ငွေစျေး၊ စက်သုံးဆီစျေးနှုန်းများ
22:09 >> ညောင်ကျိုးစစ်မျက်နှာအကြောင်း အလင်းဝင် စစ်မှုထမ်းတပ်သား၏ ထုတ်ဖော်ပြောဆိုချက်
27:13 >> ယော ဒေသကာကွယ်ရေးတပ် YPDF နှင့် ယောတပ်တော် YA ပေါင်းစည်းခြင်းနှင့်အတူ ယောဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များအပေါ်မူဝါဒသဘောထားများအကြောင်း YPDF ဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ ရဲဘော်ယောလေးနှင့် ဆက်သွယ်မေးမြန်းချက်