==================================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
မုန်းမြို့အတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက တပ်စခန်းအချို့လက်လွှတ်ထားရ တဲ့သတင််းနဲ့အတူ
မုံရွာမြို့နယ် ကြာပိုင်ရွာက ဒေသခံ ၁၁ဦးကို စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်တဲ့အကြောင်း သတင်းလွှာအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ ရန်ကုန်မှာ ပြန်ဆုံကြဖို့အရေး ဘယ်လောက်ကြာနိုင်လဲ ဆိုသောအမေးကို မြန်မာ့အရေးလေ့လာသူ အမေရိကန်စစ်တပ် အငြိမ်းစားဒုဗိုလ်မှူးကြီး ဒေါ်မီမီဝင်းဘတ်က နှစ်နဲ့ချီ စောင့်နေစရာမလိုဘူးလို့ ဖြေကြားထားတဲ့ မဇ္ဈိမရဲ့ သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းရဲ့ ဆက်သွယ်မေးမြန်ချက်ကိုနားဆင်ကြရပါမယ်။
ဒါ့ပြင် အပတ်စဉ်ကဏ္ဏအဖြစ် "နိုင်ငံရေးတွေမပြောချင်ဘူး ကိုတုတ်ကြီးရယ်" အစီအစဉ်ကိုလည်း ထုတ်လွှင်သွားမှာပါ။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789