==================================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
လိုင်လင်းပီမြို့မှာ မရာပြည်သူ့အုပ်ချုပ်ရေး ဖွဲ့စည်းမယ့်သတင်းနဲ့အတူ
စစ်ရာဇဝတ်မှုကျူးလွန်တဲ့ စစ်ကောင်စီတာဝန်ရှိသူတွေကို အရေးယူနိုင်ရေးကြိုးပမ်းသွားမယ်လို့ AAပြောတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
မြန်မာပြည်အတွက် လိုအပ်နေတဲ့ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းနဲ့ပတ်သက်လို့ ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူနှင့် ဖက်ဒရယ်ဥပဒေအကယ်ဒမီကျောင်းအုပ် ဦးအောင်ထူးကို မဇ္ဈိမရဲ့သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းက ဆက်သွယ်မေးမြန်းထားတာကို ထုတ်လွှင့်သွားမှာပါ။
ဒါ့ပြင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်နေကျဖြစ်တဲ့ နိုင်ငံရေးတွေမပြောချင်ဘူး ကိုတုတ်ကြီးရယ်အစီအစဉ်ကိုလည်းနားဆင်ရပါမယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789