==================================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
လောက်ကိုင်ရှိ တရုတ်နိုင်ငံသားတွေ နေရပ်ပြန်ကြရန် MNDAA အသိပေးတဲ့သတင်းနဲ့အတူ
အရံအင်အားအဖြစ် လေ့ကျင့်ပေးထားတဲ့ UTC ကျောင်းသားကျောင်းသူစာရင်းတွေ စစ်ကောင်စီကောက်ခံတဲ့အကြောင်းသတင်းလွှာအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ အပတ်စဉ်အစီအစဉ်အနေနဲ့ “အမျိုးသမီးကဏ္ဏ” ကိုတင်ဆက်သွားမှာပါ။
ဒီအစီအစဉ်မှာတော့ တော်လှန်ရေးထဲက အမျိုးသမီးရေးရာနဲ့ လူငယ်များရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဌာမောင်ကို မဇ္ဈိမသတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
ဒါ့ပြင် “နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်” အစီအစဉ်ကိုလည်းထုတ်လွှင့်သွားမှာပါ။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789