Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • Mizzima 108 ၏ ‌အောက်တိုဘာလ (၂၈) ရက်၊ စနေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့အနီးမှာ အောက်တိုဘာ ၂၈ ရက်နေ့ အထိ ပစ်ခတ်မှုတွေ ဆက်လက်ပြင်းထန်နေတဲ့သတင်း

    တော်လှန်စစ်ကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်တဲ့ သတင်း

    နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်း တွေကို နားဆင်ကြရပါမယ်။

    သတင်းတွေအပြီးမှာတော့ အပတ်စဉ်တင်ဆက်ပေးနေတဲ့ သံစဉ့်အိမ်အစီအစဉ်ကို နားဆင်ရမှာ ဖြစ်ပါတယ်။

    နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။

    #Mizzimaradio

    #Eveningradio

    1 hr 1 min
  • အောက်တိုဘာလ( ၂၈ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    မန္တလေးတိုင်း စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်တွေမှာ စစ်ကောင်စီစစ်ကြောင်းပြန်ထွက်သွားပြီးနောက် အလောင်း ငါးလောင်း တွေ့ခဲ့တယ်လို့ Wetlet Informational Network အဖွဲ့က ပြောဆိုလိုက်တဲ့သတင်း

    အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်နက်တိုက်ခိုက်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA)လည်း ပူးပေါင်း ပါဝင်တိုက်ခိုက်နေတဲ့သတင်းအပါအဝင်

    နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ရပါမယ်။ အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ အဲ့ဒီနောက်မှာတော့ တော်လှန်ခြင်းများနဲ့ခေတ်သစ်မြန်ပြည်ကကောက်နုတ်ထားတဲ့ Insight Myanmar အစီအစဉ်မှာ နိုင်ရာတာဝန်ထမ်းခဲ့တဲ့ မဟန်နီအကြောင်းဆက်သွယ်မေးမြန်းထားတာကို နားဆင်ရမှာပါ။

    31 min
  • အောက်တိုဘာလ( ၂၇ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    စစ်ကောင်စီကိုချေမှုန်းမယ့် ၁၀၂၇ စစ်ဆင်ရေး စတင်ကြောင်း မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ ကြေညာလိုက်တဲ့ သတင်း နဲ့ အတူ ကရင်ပြည်နယ် ကော့ကရိတ်မြို့အနှံ့ တိုက်ပွဲပြင်းထန်နေပြီး

    စစ်ကောင်စီလက်အောက်ခံ ရုံးအချို့ မီးရှို့ဖျက်ဆီး ခံထားရတဲ့သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ရပါမယ်။
    အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ တော်လှန်ခြင်းများနဲ့ခေတ်သစ်မြန်ပြည်ကကောက်နုတ်ထားတဲ့ Insight Myanmar အစီအစဉ်မှာ နိုင်ရာတာဝန်ထမ်းခဲ့တဲ့ မဟန်နီအကြောင်း ဆက်သွယ်မေးမြန်းထားတာကို နားဆင်ရမှာပါ။
    #Eveningradio

    #Mizzimaradio

    1 hr 1 min
  • Mizzima 108 ၏ အောက်တိုဘာလ( ၂၇ )ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

    -လားရှိုးလေဆိပ်မှ လေယာဥ်ခရီးစဥ်တွေ ရပ်ဆိုင်းတဲ့သတင်း

    -ကော့ကရိတ်မြို့အနှံ့ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီလက်အောက်ခံ ရုံးတချို့

    မီးရှို့ဖျက်ဆီးခံထားရတဲ့သတင်း

    -စစ်ကောင်စီကိုချေမှုန်းမည့် ၁၀၂၇ စစ်ဆင်ရေး စတင်ကြောင်း မြောက်ပိုင်းမဟာမိတ်၃ဖွဲ့

    ကြေညာလိုက်တဲ့သတင်း

    -အကျဉ်းထောင်တွေကို ကြည့်ရှုခွင့်ရဖို့ ICRC ကြိုးပမ်းနေတဲ့သတင်း အပါအဝင်

    တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

    15 min
  • Mizzima 108 ၏ အောက်တိုဘာလ( ၂၇ )ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

    ချင်းရွှေဟော်ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ သိမ်းပိုက်တဲ့ သတင်း

    မိုးကုတ်မြို့အနီးမှာ စစ်ကောင်စီနဲ့ TNLA၊PDF ပူးပေါင်းတပ် တိုက်ပွဲဆက်ဖြစ်တဲ့သတင်း

    ကမ္ဘာတစ်ဝန်း ဒုက္ခသည် ၁၁၄ သန်းကျော်ရှိကြောင်း ကုလ ထုတ်ပြန်တဲ့သတင်း

    ရန်ကုန်ရှိ မြဝတီဘဏ်နဲ့ အောင်သပြေရဲစခန်းဝင်း ခရိုင်ပကဖ တိုက်ခိုက်တဲ့သတင်း

    အပါအဝင်တခြားအရေးကြီး သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို

    တင်ဆက်ပေးမှာဖြစ်ပါတ​ယ်။

    15 min
  • Mizzima 108 ၏ အောက်တိုဘာလ( ၂၇ )ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

    -စစ်ကောင်စီကို ချေမှုန်းမည့် Operation 1027စတင်ကြောင်း မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ ကြေညာတဲ့သတင်း

    -မြန်မာစစ်တပ်ထံ ဆက်သွယ်ရေးပစ္စည်း ရောင်းချတဲ့ ဂျာမန်ကုမ္ပဏီ စုံစမ်းစစ်ဆေးခံရတဲ့သတင်း

    -စစ်ကောင်စီရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ဥရောပသမဂ္ဂကို တောင်းဆိုတဲ့သတင်း

    - ဒီကနေ့ မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေဈေး၊ စက်သုံးဆီဈေးနဲ့

    စားအုန်းဆီဈေးတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို

    တင်ဆက်ပေးမှာဖြစ်ပါတယ်။

    16 min
  • အောက်တိုဘာလ(၂၇)ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
    • မန္တလေးတောင်ခြေအနီးကျင်းပနေတဲ့ ကျောက်တော်ကြီးဘုရားပွဲခင်းအတွင်း အောက်တိုဘာလ ၂၅ ရက်နေ့က ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့တဲ့သတင်း
    • ဟမွန်း ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ခြောက်ပေကနေ ရှစ်ပေအထိ မြင့်တက်နိုင်တဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။
    • အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့
    • ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို 
    • အမျိုးသမီး လစဉ်သုံးအကြောင်းပြောပြထားတဲ့ ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။ 
    • 34 min
    • အောက်တိုဘာလ (၂၆)ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
      • ငါန်းဇွန်မြို့ မြို့နယ်အဆင့် လမ်းဦးစီးအရာရှိနဲ့ စားသုံးသူရေးရာဦးစီးအရာရှိဟာ  ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရဲ့ စစ်ဆေးမှုကို လက်မခံဘဲ ကားမောင်းနှင် ထွက်ပြေးစဉ် တားဆီးပစ်ခတ်ရာ နှစ်ဦးစလုံးသေဆုံးသွားတဲ့  သတင်း
      • ချင်းပြည်နယ် ၊ မင်းတပ်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat ကသွားရောက်တိုက် ခိုက်ခဲ့တဲ့သတင်းအပါအဝင်တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ကြရပါမယ်။   
      • အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို အမျိုးသမီး လစဉ်သုံးအကြောင်းပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။  

        1 hr
      • အောက်တိုဘာလ (၂၅)ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

        ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့် စစ်ကောင်စီ ခွင့်မပြုသေးတဲ့ သတင်းနဲ့အတူ

        ကံတင်ဘီးလင်းဆည်ဘောင်က အိမ်ခြေ ၃၀၀ကျော် ဖယ်‌ပေးဖို့ စစ်ကောင်စီ ဖိအားပေးတဲ့ အကြောင်းတွေ ပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်း၊စီးပွားရေးသတင်းတွေနဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ရပါမယ်။

        သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပြီး

        အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ ”မရွှေမိုးရဲ့လေးညှို့သံဆောင်းပါး” အစီအစဉ်ကိုနားဆင်ရမှာပါ။

        #Morningradio

        #Mizzimaradio

        37 min
      • အောက်တိုဘာလ( ၂၆ )ရက်၊ ညနေ ၄ နာရီ Mizzima News Hour
        • ငါန်းဇွန်မှာ စစ်ကောင်စီဌာနဆိုင်ရာ အရာရှိ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးတဲ့သတင်း
        • သေဒဏ်နဲ့ နှစ် ၂၀ အထက် ထောင်ဒဏ် ကျခံရသူတွေ ထောင်ဝင်စာတွေ့ခွင့်မရတဲ့သတင်း
        • မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ကို CDF တိုက်ခိုက်တဲ့သတင်း
        • အင်ဒိုနီးရှားသမ္မတရဲ့သားဖြစ်သူကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်းသွင်းတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

        • 14 min

        About Mizzima 108FM

        From the publisher's feed

        Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.