အဂတိလိုက်စားမှုများပေါ်ပေါက်ပြီးနောက် စစ်ကောင်စီက စက်သုံးဆီကြီးကြပ်ရေးကော်မတီကို အသစ် ပြန်ဖွဲ့တဲ့ သတင်းနဲ့အတူ စျေးကွက်ပျောက်လုနီးပါး ဖြစ်နေတဲ့တနင်္သာရီက ကွမ်းသီးစျေးကွက်အကြောင်း သတင်းလွှာအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်း တွေကို နားဆင်ကြရမှာပါ။
အဲဒီနောက်မှာတော့ နောက်ဆုံးရ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကိုလည်း နားဆင်ရဖို့ရှိသလိုအပတ်စဉ်ကဏ္ဍအနေနဲ့“မနေ့က အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ NCA နှစ်ပတ်လည်အခမ်းအနားက အရင်နှစ်တွေနဲ့ဘယ်လိုကွာခြားမှုတွေရှိလဲ၊ NCA စာချုပ်ကရော ပြည်တွင်းပဋိပက္ခတွေဖြေရှင်းဖို့အတွက် ဆက်ရှိနိုင်ဦးမလား ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး” ဆွေးနွေးထားတဲ့ editorial talk ဆွေးနွေးခန်းအစီအစဉ်ကို နားဆင်ကြ ရဖို့ရှိပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကို ထုတ်လွှင့်ဖို့ ရှိပါတယ်။
#Mizzimaradio
#Eveningradio
အစီအစဉ်များကို Internet Podcast များတွင်လည်း နားဆင်နိုင်ပါသည်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789