ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
စစ်ဖြစ်နေတဲ့ အစ္စရေးနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ လုံခြုံရေးဂရုစိုက်ကြဖို့နဲ့ အစ္စရေးအစိုးရရဲ့ ထုတ်ပြန်သတိပေးချက်တွေကို ပုံမှန်စောင့်ကြည့်ကြဖို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၉ ရက်နေ့မှာ လူမှုကွန်ရက်ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးချက်ထုတ်ပြန်လိုက်သတင်းနဲ့အတူ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာတာကြောင့် ဒေသခံပြည်သူလူထုရဲ့ လုံခြုံမှုကို ခြိမ်းခြောက်နေတယ်လို့ မွန်ပြည်လူ့အခွင့်ရေး ဖောင် ဒေးရှင်းက အစီရင်ခံစာထုတ်ပြန်လိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်း တွေနဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ရပါမယ်။
အဲဒီနောက်မှာတော့ နောက်ဆုံးရ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက်သတင်းသုံးသပ်ချက် အစီအစဉ်ကို လည်းနားဆင်ရဖို့ရှိသလိုအပတ်စဉ်ကဏ္ဍအနေနဲ့“မြို့ကြီးပြကြီးတွေပြိုရင် စစ်ကောင်စီလည်း ပြုတ်၊ မင်းအောင်လှိုင်လည်း ကြိုးစင်တက်ရပြီ” ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးထားတဲ့ editorial talk ဆွေးနွေးခန်းအစီအစဉ်ကို နားဆင်ကြ ရဖို့ရှိပါတယ်။
#Mizzimaradio
#Morningradio
အစီအစဉ်များကို Internet Podcast များတွင်လည်း နားဆင်နိုင်ပါသည်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789