Mizzima 108 ၏ စက်တင်ဘာလ (၁၀) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=============================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးနဲ့ ဒုတပ်ကြပ်တို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်နဲ့အတူ ခိုလှုံလာကြတဲ့သတင်းနဲ့အတူ
ရက္ခိုင့်တပ်တော် (ULA/ AA ) ဖမ်းဆီးခေါ်ဆောင်ထားတဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကို ပြန်လွှတ်ပေးဖို့
စက်တင်ဘာလ ၉ ရက်နေ့မှာ AFP ပါတီက ထုတ်ပြန်တောင်းဆိုလိုက်တဲ့အကြောင်းသတင်းလွှာ အပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏတွေအနေနဲ့ ကမ္ဘာတလွှားက အနုပညာရှင်တွေရဲ့အကြောင်းတွေ အနုပညာဖန်တီးမှုတွေကို တင်ဆက်ထားတဲ့ Cele City အစီအစဉ်နဲ့အတူ
“နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်” အစီအစဉ်ကို လည်း ထုတ်လွှင့်သွားမှာပါ။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789