ဒီကနေ့နားဆင်ရမယ့်အစီအစဉ်ကတော့ ...
စစ်ကောင်စီက ဒီကနေ့ ဇူလိုင် ၃၁ ရက်မနက်က အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ပြီး အရေးပေါ်ကာလကို နောက်ထပ် ၆ လသက်တမ်း ထပ်တိုးလိုက်တဲ့သတင်းအပါအဝင် ရခိုင်နယ်စပ်ကုန်သွယ်ရေးရပ်လုနီးပါးဖြစ်နေ တဲ့အကြောင်းတွေပါဝင်တဲ့ ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာဖြစ်ပြီး နိုင်ငံတကာဘက်မှာတော့ ဒီမိုကရေစီရေးဆန္ဒပြပွဲသီချင်းကို အစိုးရကတားမြစ်ပိတ်ပင်တဲ့အပေါ် ဟောင်ကောင်တရားရုံး ပယ်ချလိုက်တယ်ဆိုတဲ့ နောက်ဆုံးရသတင်းတွေနဲ့အတူ စီးပွားရေးသတင်းတွေနဲ့ အားကစားကဏ္ဍကိုလည်းနားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက်၊သတင်းဆောင်းပါးနဲ့ ကုန်ဈေးနှုန်းတွေကိုလည်း နားဆင်ရဖို့ရှိပါတယ်။ိ
အဲဒါပြီးရင်တော့ အပတ်စဉ် ကဏ္ဍအဖြစ် “Mizzima Editorial Talk” အစီအစဉ်ကို နားဆင်ရမှာဖြစ်ပြီး တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။
#eveningradio
#mizzimaradio
အစီအစဉ်များကို Internet Podcast များတွင်လည်း နားဆင်နိုင်ပါသည်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789