Mizzima 108 ၏ ဇွန်လ (၁၈) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=============================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့
စစ်ကောင်စီပါဝင်မယ့် ထိုင်းအစိုးရရဲ့ မြန်မာ့အရေး Track 1.5 အစည်းအဝေးကို ဖိတ်ကြားခံရတဲ့နိုင်ငံတွေအနေနဲ့ မတက်ရောက်ကြဖို့အတွက် NUG နိုင်ငံခြားရေးက တောင်းဆိုလိုက်တဲ့သတင်းနဲ့အတူ
မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲအတွက် ထိုင်းရဲ့ ဖိတ်ကြားမှုကို အဓိကအာဆီယံအဖွဲ့ဝင်တွေ ငြင်းပယ်လိုက်တဲ့သတင်းအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Vox Pop အစီအစဉ်ကိုတင်ဆက်သွားမှာပါ။
ဒီတစ်ပတ်မှာတော့ "ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် သူတို့ဘာတွေပြောသလဲ" ဆိုတဲ့ အကြောင်းအရာကိုတင်ဆက်ထားပါတယ်။
အဲ့ဒီနောက်မှာတော့ “နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်” အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
..............................
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789