Mizzima 108 ၏ ဇွန်လ (၁၀) ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ညမှာတော့ တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင် မြစ်ကြီးနားမြို့မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တိတ်တဆိတ်တွေ့ဆုံနေတဲ့သတင်းနဲ့အတူ
ပထမဆုံး အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ မြန်မာစစ်တပ် ပါဝင်မယ့်သတင်းတွေအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ တစ်ပတ်အတွင်း စီးပွားရေးသတင်းတွေကိုနားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ သံစဉ့်အိမ်အစီအစဉ်ကို နားဆင်ရမှာပါ။
ဒီတစ်ပတ်မှာတော့ သံစဉ်နဲ့တော်လှန်ရေးညီအကိုမောင်နှမတွေက အထူးအစီအစဉ်တစ်ခုအနေနဲ့ ပရိတ်သတ်တွေအတွက် ဇာတ်လမ်းလေးတစ်ပုဒ်တင်ဆက်ပေးထားပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
အစီအစဉ်များကို Internet Podcast များတွင်လည်း နားဆင်နိုင်ပါသည်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789