Mizzima 108 ၏ မေလ (၂၈) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=============================
ကော့သောင်းမှာ စစ်ကောင်စီက အသက် မပြည့်သေးသူ အပါအဝင် ၈ ဦးကို စစ်ကြောရေးမှာ ပစ်သတ်လိုက်တဲ့သတင်းနဲ့အတူ
ဒိုက်ဦးအကျဉ်းထောင်ကနေ နိုင်/ကျဉ်း ၂၀ ဦးကို စစ်ကြောရေးကို ခေါ်ဆောင်သွားပြီးတဲ့နောက် ၁ ဦး အသတ်ခံလိုက်ရတဲ့သတင်းလွှာအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Vox Pop အစီအစဉ်ကိုတင်ဆက်သွားမှာပါ။
ဒီတစ်ပတ်မှာတော့ “မြေပြင်မှာ ထိရောက်တဲ့အကူအညီအထောက်အပံ့တွေမရရှိနေသေးကြောင်း" နဲ့ ပတ်သက်ပြီး မိုခါမုန်တိုင်းသင့် ပြည်သူတို့ရဲ့အသံကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ "နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်" အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
..............................
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789