Mizzima 108 ၏ ဧပြီလ (၄) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
စစ်ကောင်စီနဲ့ PDF ပဋိပက္ခကြားမှာ ဝင်ပါမှာမဟုတ်ဘူးလို့ RCSS ထုတ်ပြန်လိုက် တဲ့သတင်း နဲ့အတူ အမှုရင်ဆိုင်ရမယ့် အမေရိကန်သမ္မတဟောင်း Donald Trump ဟာလက်ရှိမှာ နယူးယောက်မြို့ကို ရောက်ရှိနေတဲ့သတင်း တွေ အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ အမေရိကန်သတင်းထောက်ကိုပြန်လွှတ်ပေးဖို့ ရုရှားကို နေတိုးအကြီးအကဲတောင်းဆို လိုက်တဲ့အကြောင်းတွေပါဝင်တဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ ဒီနေ့အတွက်သတင်းသုံးသပ်ချက်၊ရွှေဈေးနှုန်းငွေဈေးနှုန်းတွေနဲ့ စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်အစီအစဉ်တွေအဖြစ်နဲ့ “မရွှေမိုးရဲ့လေးညှို့သံ”အစီအစဉ်နဲ့ “သဘာဝရဲ့လက်ဆောင်” ဆိုတဲ့ သဘာဝကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789