Mizzima 108 ၏ မတ်လ (၂၀) ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
စစ်ခေါင်းဆောင်ရောက်နေတဲ့အချိန် မုံရွာ နမခစစ်ဌာနချုပ် လက်နက်ကြီးနဲ့ပစ်ခတ်ခံလိုက်ရတဲ့သတင်းနဲ့အတူ လက်နက်လိုအပ်ချိက်ရှိနေတဲ့ ရရှားကို မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအချို့က ခဲယမ်းမီးကျောက်နဲ့စစ်လက်နက်တွေ ထုတ်ရောက်ဖို့စီစဉ်နေတဲ့အကြောင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ရပါမယ်။
သတင်းတွေအပြီးမှာတော့ စစ်ကောင်စီတပ်တွေရဲ့ ပြည်သူတွေအပေါ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ စစ်ကောင်စီကကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး တင်ပြထားတဲ့အစီအစဉ်ကို နားဆင်ကြရမှာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကို ထုတ်လွှင့်ဖို့ရှိပါတယ်။
..............................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို ယခုလာမယ့် မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်သွားမှာဖြစ်တဲ့အတွက်
ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789