အိန္ဒိယနိုင်ငံက အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တွေ ချင်းပြည်နယ် ပလက်ဝနယ်အတွင်းကို သေနတ်ပစ်ဖောက် ဝင်ရောက်လာတဲ့သတင်းနဲ့အတူ
ပင်လောင်းမြို့နယ်မှာ သံဃာ ၃ ပါးအပါအဝင် ဒေသခံ လူ ၃၀ ကျော် အစုလိုက် အသတ်ခံရမှု နိုင်ငံတကာတရားရုံးတွေအထိ တိုင်ကြားဖို့ စီစဉ်နေတဲ့ သတင်းအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ နောက်ဆုံးရ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။
သတင်းတွေအပြီးမှာတော့ အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ မရွှေမိုးရဲ့ လေးညှို့သံအစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။
ဒီတပတ်ရဲ့ သဘာဝလက်ဆောင်အစီအစဉ်မှာတော့ သဖန်းသီး ကနေရတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေအကြောင်း တင်ဆက်သွားမှာပါ။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်မှာဖြစ်ပါတယ်။
=============================
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို ယခုလာမယ့် မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်သွားမှာဖြစ်တဲ့အတွက်
ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၆ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။
အစီအစဉ်များကို Internet Podcast များတွင်လည်း နားဆင်နိုင်ပါသည်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789