Mizzima 108 ၏ ဖေဖော်ဝါရီလ ၁၀ ရက်၊ သောကြာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=========================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
CDM၊ Non-CDM တွေနဲ့ပတ်သက်ပြီး လူ့ဘောင်သစ်ပါတီက သဘောထားထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ ရေးမြို့နယ်မှာ ညမထွက်ရအမိန့်ကို ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ အချိန်တိုးမြှင့်သတ်မှတ်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။
အဲဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။
သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ကြရမှာပါ။
ဒါ့အပြင် စစ်ကောင်စီဟာ ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်ပြီး ၂၀၀၈ အခြေခံဥပဒေကို ပြန်ကိုးကားနေချိန်မှာ နွေဦးတော်လှန်ရေး အင်အားစုတွေကလည်း သူရဲ့ နိုင်ငံရေး Road Map ပေါ်မှာသာ လျောက်လှမ်းနေတဲ့အပေါ် စိုးရိမ်မကင်းဖြစ်နေတဲ့အကြောင်း ဥပဒေအထောက်အကူပြုကွန်ယက် တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးနဲ့ မဇ္ဈိမသတင်းဌာန စီမံခန့်ခွဲမှုအယ်ဒီတာ ကိုစိန်ဝင်းတို့ တွေ့ဆုံမေးမြန်းထားတာကို နားဆင်ရဖို့ရှိပါတယ်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789