Mizzima 108 ၏ ဇန်နဝါရီလ (၂၇) ရက်၊ Mizzima Radio အစီအစဉ်
=============================
ရက် (၆၀) အတွင်း ပါတီမှတ်ပုံတင်ခွင့်ပြန်မလျောက်ထားပါက ပါတီအလိုအလျောက်ပျက်မယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာ ပြဌာန်းထားတဲ့ သတင်းနဲ့အတူ
စစ်ကောင်စီလက်အောက်ခံ လန်ဒန်သံရုံးကပေးပို့တဲ့ အယ်ဒီတာ့ထံပေးစာကို The Guardian သတင်းစာက လက်မခံခဲ့တဲ့သတင်းအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။
အဲဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။
သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရမှာပါ။
ဒါ့အပြင် ChatGPT အကြောင်း သိကောင်းစရာ တွေကိုအမေရိကန်ပြည်ထောင်စု Wisconsin မှာ ကျန်းမာရေးသတင်းအချက်အလက် (Health Informatics) သိပ္ပံမဟာဘွဲ့အတွက်သင်ယူနေတဲ့
ဒေါက်တာငြိမ်းချမ်းကိုကိုနဲ့ သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ကိုစိန်ဝင်းတို့ တွေ့ဆုံးမေးမြန်းထားတာကိုလည်း ထုတ်လွှင့်ဖို့ရှိပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်ဖို့ရှိပါတယ်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789