နိုဝင်ဘာလ ၂၈ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ရခိုင်ပြည် မြောက်ပိုင်းက ကုန်းလမ်း-ရေလမ်းခရီးတချို့ကို စစ်ကောင်စီက သွားလာခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။
၂။ မြို့နယ်တချို့ကို ကုန်လမ်း-ရီလမ်းတွေကို စစ်ကောင်စီက သွားလာခွင့်ပြုပေမဲ့ အများစုကိုတော့ ဆက်ပြီး ပိတ်ထားဆဲ ဖြစ်ပါတယ်။
၃။ စစ်တွေမြို့ တေဇာရာမဝိပဿနာ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေမှာ အကူ အညီတွေ လိုအပ်နေပါတယ်။
၄။ စစ်တွေမြို့နယ်မှာ လျပ်စစ်မီးကြိုးတွေ အခိုးခံရရင် အစားထိုးတပ်ဆင်ခ ကုန်ကျစရိတ်ကို ရပ်ကွက်နေ သူတွေ စုပေါင်းကုန်ကျခံဖို့ လျှပ်စစ်ဝန်ကြီးဌာနက ညွန်ကြားထားတဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့-- ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ အပစ်အခတ် ရပ်စဲလိုက်တဲ့အကြောင်း ရက္ခိုင့် တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခနဲ့ ဆက်သွယ် မေးမြန်းထားတာကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဥ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)