Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • ဇန်နဝါရီလ ၃ ရက် ၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ .....စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် နိုင်ငံ ၄ နိုင်ငံမှာ ထပ်မံတရားစွဲဆိုနိုင်ရေး NUG ပြင်ဆင်နေတဲ့သတင်းနဲ့အတူ အိန္ဒိယက နယ်စပ်ဂိတ် ပိတ်လိုက်ပြီး လူအဝင်ထွက်တင်းကျပ်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့ ကုန်စျေးနှုန်းတွေနဲ့ သတင်းလွှာကဏ္ဍတို့ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အပတ်စဉ် ကဏ္ဍဘက်မှာတော့ Human Rights Barometer လူ့အခွင့်အရေး အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    47 min
  • ဇန်နဝါရီလ ၃ ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...

    မြစ်ခြေက ရွာ ၃ရွာကို စစ်ကောင်စီ မီးရှို့နေတာကြောင့် ဒေသခံထောင်ချီ ဘေးလွတ်ရာတိမ်းရှောင်နေတဲ့သတင်းနဲ့ အတူ နေပြည်တော်အမြန်လမ်းနဲ့ မော်လမြိုင်တောင်ဝိုင်းတောင် ကားမတော်တဆမှု ခရီးသည် ၁ ဦး သေဆုံးတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရ ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။

    သတင်းတွေအပြီးမှာတော့ ကျန်းမာသုတလူမှုဘ၀ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။

    31 min
  • ဇန်နဝါရီလ ၂ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    -ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးရေးနှင့် စစ်ပွဲများရပ်တန့်ရေးတွေပါဝင်တဲ့ ငွေဆောင်သဘောတူညီချက်အကြောင်း


    -ခွင့်ပြုချက်မဲ့ VPN ဝန်ဆောင်မှုပေးရင် ထောင်ဒဏ် ၆ လ အထိ ချနိုင်တဲ့ ဆိုက်ဘာဥပဒေ ကို စစ်ကောင်စီပြဋ္ဌာန်းတဲ့အကြောင်း


    -ဘုတလင်တွင် ၃နှစ်ကျော် အခိုင်အမာတပ်စွဲထားသည့် ကူတော်တပ်စခန်းကို စစ်ကောင်စီစွန့်ခွာတဲ့အကြောင်း


    -MNDAAနှင့် ဆွေးနွေးနေချိန်မှာ စစ်ကောင်စီက သိန္နီမြို့ကို လေကြောင်းတိုက်ခိုက်တဲ့သတင်း


    -ဂါဇာမှာ တိုက်ခိုက်မှုတွေ အရှိန်မြှင့်မယ်လို့ အစ္စရေး ခြိမ်းခြောက်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို ဂျူချန်း က စုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်

    22 min
  • ဇန်နဝါရီလ ၂ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေက တော့ ...

    MNDAAနဲ့ ဆွေးနွေးနေစဉ် စစ်ကောင်စီက သိန္နီမြို့ကို လေကြောင်းတိုက်ခိုက်တဲ့သတင်းနဲ့ အတူ VPNဝန်ဆောင်မှုပေးရင် ထောင် ၆လ ချနိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီပြဋ္ဌာန်းတဲ့ အကြောင်းတွေကိုကြားကြရမှာပါ။

    နိုင်ငံတကာဖက်မှာတော့ ရာသီဥတုဆိုးရွားမှုကြောင့် ယူကေမှာ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲတွေအပေါ် ထိခိုက်တဲ့ သတင်းအပါအဝင် ဂါဇာမှာ တိုက်ခိုက်မှုတွေ အရှိန်မြှင့်မယ်လို့ အစ္စရေး ခြိမ်းခြောက်တဲ့ သတင်းတွေကို နားဆင်ကြရပါမယ်။

    အဲဒီနောက်မှာတော့ လေးဝတီFM ကပေးပို့တဲ့ ရခိုင်သတင်းအစီအစဉ်နဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။

    48 min
  • ဇန်နဝါရီလ ၂ ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဇန်နဝါရီလ ၂ ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

     ဒီကနေ့မနက်မှာတော့ .....  ၂၀၂၅ ခုနှစ်မှာ ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း အားလုံးကို သိမ်းပိုက်မယ်လို့ KNDF ဥက္ကဋ္ဌ ပြောဆိုတဲ့သတင်းနဲ့အတူ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပိတ်မိနေတဲ့ တရုတ်နိုင်ငံသား အလုပ်သမား ၁၂၉ ဦးကိုနေရပ်ပြန်ပို့နိုင်ခဲ့ကြောင်း NUG ပြောတဲ့သတင်းအပါအဝင်  နောက်ဆုံးရပြည်တွင်းသတင်းတွေကိုနားဆင်ကြရပါမယ်။ ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင်အပတ်စဥ်အစီအစဥ်ဘက်မှာတော့ ဗီဇာလမ်းညွှန်အစီအစဥ်ကိုလည်း နားဆင်ကြရပါမယ်။


    #Mizzimaradio

    #Morningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    31 min
  • ဇန်နဝါရီလ ၁ ရက်၊ ဗုဒ္စဟူးနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဇန်နဝါရီလ ၁ ရက်၊ ဗုဒ္စဟူးနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့ညမှာတော့ ..... NUG အစိုးရက အကျဥ်းသား ၁၇၀နီးပါး လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့သတင်းနဲ့အတူ စစ်ကောင်စီက တရက်အတွင်း မြို့နယ်၃ခုကို လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား ၁၂ဦးသေဆုံးရတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကိုနားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ဒီကနေ့ရဲ့ကုန်စျေးနှုန်းတွေကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်အောင်ပွဲခံဆောင်းပါးကဏ္ဏနဲ့အတူ အပတ်စဥ်အစီအစဥ်ဘက်မှာတော့ ဗီဇာလမ်းညွှန်အစီအစဥ်ကိုလည်း နားဆင်ကြရပါမယ်။

    #Mizzimaradio

    #Eveningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    46 min
  • ဇန်နဝါရီလ ၁ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    ဇန်နဝါရီလ ၁ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    ====================

     

    - NUG အစိုးရက အကျဥ်းသား ၁၇၀နီးပါး လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့သတင်း 

    - တိုင်းပြည်ကို အတိုင်းအတာတခုအထိ တိုးတက်အောင်ဆောင်‌ရွက်နိုင်ခဲ့ကြောင်း စစ်ခေါင်းဆောင်ပြောတဲ့အကြောင်း

    - မြို့နယ်၃ခုကို လေကြောင်းတိုက်ခိုက်မှု အရပ်သား ၁၂ဦးသေဆုံးတဲ့သတင်းနဲ့

    - အာဏာရှင်လက်က လွတ်မြောက်ပြီး နှစ်သစ်မှာ မျှော်လင့်ချက်တွေ တောက်ပလာတဲ့ ဆီးရီးယား စတဲ့ 

    သတင်းတွေအပြင် နောက်ဆုံးရကုန်စျေးနှုန်း၊  တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    #mizzimatv 

    #7pmnews

    #mizzimaprimetime

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm 

    16 min
  • ဇန်နဝါရီရက်၊၁ ရက် ဗုဒ္စဟူးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဇန်နဝါရီရက်၊၁ ရက် ဗုဒ္စဟူးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

     ဒီကနေ့မနက်မှာတော့ .....  ၂ဝ၂၄ နှစ်ကုန်မှာ ကလေးသူငယ် ၁၃ သိန်းနီးပါး စစ်ဘေးရှောင်နေရတဲ့သတင်းနဲ့အတူ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ပအိုဝ်းအဖွဲ့ PNLA ဌာနချုပ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်တဲ့သတင်းအပါအဝင်  နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို ထုတ်လွှင့်သွားမှာပါ။ အပတ်စဥ်အစီအစဥ်ဘက်မှာတော့ Key to Health ကျန်းမာရေးအစီအစဥ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Morningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    33 min
  • ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    ====================

    - ၂ဝ၂၄ နှစ်ကုန်မှာ ကလေးသူငယ် ၁၃ သိန်းနီးပါး စစ်ဘေးရှောင်နေရတဲ့သတင်း

    - ရန်ကုန်မှာ နှစ်သစ်ကူးပွဲအတွက် ညမထွက်ရအမိန့် ၁ ရက်ပယ်ဖျက်တဲ့သတင်း 

    - ပခုက္ကူမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ကား တိုက်ခိုက်ခံရတဲ့အကြောင်းနဲ့

     

    - စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတကို တရားရုံးက ဖမ်းဝရမ်းထုတ်တဲ့သတင်းအပြင် နောက်ဆုံးရကုန်စျေးနှုန်း၊  တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    #mizzimatv 

    #7pmnews

    #mizzimaprimetime

    -----------------------------------------
    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    28 min
  • ဒီဇင်ဘာလ ၃၁ ရက်၊ အင်္ဂါနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီဇင်ဘာလ ၃၁ ရက်၊ အင်္ဂါနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့ညမှာတော့ ..... လာမယ့် ၂၀၂၅ ခုနှစ်မှာ စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ်ဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန်တိုးမြှင့်သွားမယ်လို့ မန္တလေး PDF အသိပေးတဲ့သတင်းနဲ့အတူ၂၀၂၅ မှာပိုဆိုးလာနိုင်တဲ့ စစ်ရှောင်တွေရဲ့ စားဝတ်နေရေးပြဿနာအကြောင်းသတင်းလွှာအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို ထုတ်လွှင့်သွားမှာပါ။ အပတ်စဥ်အစီအစဥ်ဘက်မှာတော့ Key to Health ကျန်းမာရေးအစီအစဥ်နဲ့အတူ တောင်ကိုရီးယားနိုင်ငံမှ နွေဦးတော်လှန်သံဆိုတဲ့ ဆက်သွယ်မေးမြန်းချက်တို့ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Eveningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    1 hr 3 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.