အောက်တိုဘာလ ၂၂ ရက်နေ့ တိုင်းရင်းသားရေဒီယိုမနက်ပိုင်းသတင်းအစီအစဉ်များ (ရခိုင်ဘာသာ)
၁။ ဖြန့်ဝေခွင့် ပိတ်ထားတဲ့ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက လှူထားတဲ့ ဆန်အိတ်တွေကို စစ်ဘေးရှောင်တွေ ကို ဖြန့်ဝေပေးလိုက်ပြီဖြစ်ပါတယ်။
၂။ ပလက်ဝမြို့မှာ ကျောင်းအုပ်ဆရာတစ်ယောက်အပါအဝင် ကျောင်းဝန်ထမ်းတစ်ဦးနဲ့ ဒေသခံ တစ် ယောက်ကို စစ်ကောင်စီတပ်က နောက်ထပ် ဖမ်းဆီးလိုက်ပါတယ်။
၃။ စစ်တွေမြို့မှာ ဆိတ်ကျောင်းနေတဲ့ မူစလင် လူငယ်တစ်ယောက် သေနတ်ကျည်ထိမှန် သေဆုံးခဲ့တဲ့ သတင်းအပါအဝင်
၄။ အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတစ်ယောက်ကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးသွားတဲ့ သတင်းနဲ့
၅။ တောင်ကုတ်မြို့က သွားဆရာဝန် ဒေါက်တာ ကျော်သူရထွန်းကို ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့--- စစ်ကောင်စီတပ်က ရခိုင်ပြည်ကို ဆေးဝါးတင်သွင်းခွင့် ပိတ်ထားတဲ့အတွက် ဆေးဆိုင်တွေမှာ နောက်ထပ် တစ်ပတ်လောက် ရောင်းဖို့ကျန်နေတဲ့အတွက် ဆေးဝါးတင်သွင့်ခွင့်ရအောင် ရခိုင်ပြည် ကုန်သည်ကြီးများအသင်းကို ဆေးဆိုင်ပိုင်ရှင်တွေက အကူအညီတောင်းထားတဲ့အကြောင်း ဆက်သွယ်မေးမြန်းထားတာတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဉ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဉ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)