အောက်တိုဘာလ ၁၉ ရက်နေ့ တိုင်းရင်းသားရေဒီယိုမနက်ပိုင်းသတင်းအစီအစဉ်များ (ရခိုင်ဘာသာ)
၁။ ပုဏ္ဏားကျွန်းအခြေစိုက် (၅၅၀) တပ်ရင်းက လက်နက်မဲ့ စစ်ကောင်စီတပ်သား (၉)ဦး ထွက်ပြေးသွား တယ်လို့ သိရပါတယ်။
၂။ မောင်တောမြို့နယ် ဂရုဏာကွန်ယက်အသင်းက တာဝန်ရှိသူ (၂)ဦး အပါအဝင် ဒေသခံ(၄)ဦးကို မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မနဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
၃။ ကျောက်တော်မြို့နယ်မှာ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး မူစလင်အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီး ကျည်ကျလို့ သေဆုံးခဲ့ပါတယ်။
၄။ မင်းပြားမြို့နယ်မှာ စစ်ကောင်စီတပ်က လူနေရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသမီး (၃)ဦး သေဆုံးပြီး အရပ်သား (၁၀)ခန့်မှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ သတင်းအပါအဝင်
၅။ ဂျပန်အခြေစိုက် ရခိုင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (ဂျပန်)က ရသေ့တောင်မြို့နယ်မှာရှိတဲ့ စစ်ဘေး ရှောင်တွေအတွက် အလှူငွေကျပ် သိန်း (၁၀၀) ကျော်လှူဒါန်းခဲ့တဲ့ သတင်းနဲ့
နောက်ပိုင်းမှာတော့-- စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံတွေ သေဆုံးမှုရှိခဲ့သလို ဒဏ်ရာရသူတွေရှိခဲ့တဲ့ မင်းပြားမြို့နယ်က နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သတ်လို့ ဆက်သွယ် မေးမြန်း ထားတာကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဥ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U