အောက်တိုဘာလ ၁၃ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်က ညအချိန် လက်နက်ကြီးပစ်ပြိး လေယာဉ်တိ ပျံဝဲခဲ့တဲ့အတွက် ဒေသခံတွေ စိုးရိမ်ခဲ့ကြတယ်လို့ သိရပါတယ်။
၃။ မြောက်ဦးမြို့က ကိုရင်ဆို့အမှုမှာ တရားလိုဘက်က ရုံးချိန်း (၃) ကြိမ် မလာရောက်တဲ့အတွက် နစ်နာမှု ရှိနေတယ်လို့ သိရပါတယ်။
၃။ မြေပုံမြို့နယ် ငပသုန်တိုက်နယ်ဆေးရုံအတွက် ဆေးပစ္စည်းတွေကို တင်လာတဲ့ စက်လှေသမား (၃) ဦးကို ခံဝန်နဲ့ ရဲကလွှတ်ပေးလိုက်ပေမဲ့ အမှုဖွင့်ခံထားရတဲ့ သတင်းအပါအဝင်
၄။ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းရွာ အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ သတင်းနဲ့
၅။ မြေပုံမြို့နယ် လက်ထောက် ပညာရေးမှူးကို ရက္ခိုင့်တပ်တော်ကို ငွေကြေးကောက်ခံတယ်လို့ စွပ်စွဲပြီး စစ် ကောင်စီတပ်က အမှုဖွင့်လိုက်တဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့--- မင်းပြားနဲ့မြေပုံဆက်သွယ်ထားတဲ့ လမ်းကို စစ်ကောင်စီတပ်က ပိတ်ထားတဲ့အတွက် ဒေသခံတွေမှာ အခက်ကြုံနေရတဲ့အကြောင်း ဆက်သွယ် မေးမြန်းထားတာကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဥ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)