အောက်တိုဘာလ ၁၁ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ မောင်တောမြို့နယ် လိပ်ရ နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော်က ဝင်ရောက်သိမ်းပိုက်လိုက်ပါတယ်။
၂။ အမ်းမြို့နယ် တလိုင်းတောင်ရွာက ဖမ်းဆီးသွားတဲ့ ဆေးသမားကို ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေနဲ့ ကျေးရွာသားတွေက လိုလားနေကြပါတယ်။
၃။ မြန်မာဘက်က ဘင်္ဂလာဒေ့ချ်နိုင်ငံကို ဆန်တန်ချိန် (၂) သိန်းကျော် ရောင်းချဖို့ နှစ်ဘက် သဘောတူထားတဲ့ သတင်းနဲ့
၄။ ပုဏ္ဏားကျွန်းမြို့မှာ ဘေးတွဲဆိုင်ကယ်တွေကို တလနီးပါးကြာ ဖမ်းဆီးထားတဲ့အတွက် ပိုင်ရှင်တွေမှာ အခက် ကြုံနေကြတဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့---- စစ်တွေမြို့ စက်ရုံစုရပ်ကွက်က အရက်နဲ့ဘီယာ ရောင်းတဲ့ဆိုင်တစ်ဆိုင်မှာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်တချို့ ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့အတွက် ဆိုင်ပိုင်ရှင်နဲ့ ယောက် ဖတော်စပ်သူ ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သတ်လို့ ALP/ALA က ဒုဗိုလ်မှူးကြီး ကျော်ဇောနဲ့ ဆက်သွယ် မေးမြန်း ထားတာကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဥ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)