အောက်တိုဘာလ ၈ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ကျောက်ဖြူမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးကျော်လွှင်မှာ မိသားစုနဲ့ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေပါတယ်။
၂။ အမ်းမြို့နယ်မှာ တာဝန်ကျနေတဲ့ ရခိုအမျိုးသား ရဲတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက နယ်မြေပြောင်း ရွေ့လိုက်ပါတယ်။
၃။ မင်းပြားမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သတင်းအပါအဝင်
၄။ ဘူးသီးတောင်မြို့နယ်မှာ မူစလင် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံခဲ့ရတဲ့ သတင်းနဲ့
၅။ စစ်ကောင်စီတပ်က လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်နေလို့ ရသေ့တောင်မြို့နယ်က ဒေသခံ (၁၀၀၀) ကျော်မှာ နေရပ်စွန့်ခွာနေရတဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့-- ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရတဲ့ နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်နဲ့ ဆက်သွယ် မိန်းမြန်းထားတာကို ထုတ်လွှင့်သွားမှာပါ။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဥ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)