စက်တင်ဘာလ ၂၂ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် ကျောက်တော်မြို့နယ်မှာ ထိခိုက် သေဆုံးမှုတွေ ရှိနေပါတယ်။။
၂။ မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ အရပ်သားတွေကို စစ်ကောင်စီတပ်က ညဉ့်အချိန် ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။
၃။ စစ်တွေမြို့က တပ်နယ်ဈေးနဲ့ တပ်ထိန်းဂိတ်ကို လုံခြုံရေးအရ ယာယီပိတ်ထားခဲ့ရပြီး
၄။ စစ်ကောင်စီတပ်က တောင်ပြိုကိုပို့လိုက်တဲ့ လက်နက်နဲ့ ရိက္ခာတွေကို ရက္ခိုင့်တပ်တော်က ကြားဖြတ် သိမ်းယူလိုက်တဲ့ သတင်းအပါအဝင်
၅။ ရသေ့တောင်မြို့နယ်မှာ တရက်တည်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့တဲ့ သတင်းနဲ့
၆။ တောင်ကုတ်မြို့နယ် ကိုင်းရှည်ရွာ လူမှုကူညီရေးအသင်းက ခေါင်းဆောင်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့------- စစ်ကောင်စီက ကျောက်တော်မြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတချို့ကို နေရပ်ပြန်ဖို့ ဖိအားပေးနေတဲ့အကြောင်း ဆက်သွယ် မေးမြန်းထားတာတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဉ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဉ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)