စက်တင်ဘာလ ၁၇ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ မောင်တောမြို့နယ် မီးတိုက်စခန်းအပါအဝင် ပလက်ဝမြို့နယ်က စစ်ကောင်စီ စခန်း (၂) ခုကိုလည်း ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပါတယ်။
၂။ အပေါက်၀ ရဲစခန်းက ဒုရဲအုပ်တစ်ဦးကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးသွားပြီး
၃။ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းက ရခိုင်လူမျိုး (၆)ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ သတင်းအပါအဝင်
၄။ ရခိုင်ပြည်က မြို့နယ်(၆)ခုကို NGO အဖွဲ့တွေ သွားလာခွင့်ကို စစ်ကောင်စီက ပိတ်ထားတဲ့ သတင်းနဲ့
၅။ ကျောက်ဖြူမြို့မှာ ဖမ်းဆီးထားသူတွေကို နှိပ်စက်ပြီး AA အဖြစ် စစ်ကောင်စီတပ်က အဓမ္မဝန်ခံခိုင်းခဲ့တဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။။
နောက်ပိုင်းမှာတော့--- (၅၁) ကြိမ်မြောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ ပြည်တွင်းအဆင့်မှာ ရခိုင် ပြည် ကျောက်တော်မြို့ နိုဗယ်ကိုယ်ပိုင်ကျောင်းက (၇) တန်းကျောင်းသားတစ်ဦး အထူးဆု ရရှိခဲ့တာနဲ့ ပတ် သတ်လို့ နိုဗယ်ကျောင်းထည်ထောင်သူ ဆရာ စိုးသန်းရွှေနဲ့ ဆက်သွယ် မေးမြန်းထားတာကို ထုတ်လွှင့်သွား မှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဉ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဉ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)