စက်တင်ဘာလ ၁၃ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ မောင်တောမြောက်ပိုင်းကဖားဝါးချောင်းကျေးရွာ အနီးမှာ ညဉ့်အချိန် စစ်ကောင်စီတပ်က လာရောက် ဗုံကြဲခဲ့ပါတယ်။
၂။ အစည်းအဝေးလုပ်ဖို့ခေါ်ပြီး ဘူးသီေးတာင်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး (၂) ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတာ တစ်ပတ်နီးပါး ကြာနေပြီဖြစ်ပါတယ်။
၃။ စစ်တွေမြို့မှာ ကျပ်သိန်း (၁၅၀၀၀) ကျော်ဖိုး တန်ဖိုးရှိတဲ့ စိတ်ကြွဆီးပြားတွေနဲ့အတူ အမျိုးသား (၂) ယောက်ကို ဖမ်းဆီးမိတဲ့ သတင်းအပါအဝင်
၄။ ဂျပန်ရောက် ရခိုင်အမျိုးသားတွေက (၈၃)နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပခဲကြတဲ့ သတင်းနဲ့
၅။ မင်းပြားမြို့နယ်မှာ ဒေသခံတစ်ယောက် မိုင်းနင်းမိလို့ ခြေတစ်ဘက် ပြတ်သွားတဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ - ရခိုင်ပြည်က ဆေးတက္ကသိုလ်ဝင်ခွင့် မဖြေဆိုလိုက်ရတဲ့ ကျောင်းသား၊ကျောင်းသူ အများအပြား ကျန်ရှိနေတဲ့အကြောင်း ဆက်သွယ် မေးမြန်းထားတာကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဥ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)