စက်တင်ဘာလ ၆ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ မြောက်ဦး မြို့မဈေးမှာ မိုင်းရှာမယ်ဆိုပြီး စစ်ကောင်စီတပ်က ဆိုင်တွေကို ပိတ်ခိုင်းပြီး ပစ္စည်းတွေကိုလည်း ရွှေ့ခိုင်းထားပါတယ်။
၂။ မောင်တော မြောက်ပိုင်းက စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ခေါ်ယူသွားတဲ့ ဝေလာတောင်ရွာက သက်အမျိုး သား (၅) ဦး အိမ်ပြန်မရောက်လို့ မိသားစုဝင်တွေ စိုးရိမ်နေကြပြီး
၃။ မောင်တော အငူမော်လမ်းကို ပိတ်ထားတာ ရက်ပေါင်း (၂၀) ကြာပြီဖြစ်လို့ ဒေသအတွင်းမှာ ရိက္ခာပြတ်လပ် မှုတွေ ရှိနေတဲ့ သတင်းအပါအဝင်
၄။ မြန်မာသံအမတ်ကို နှစ်ပတ်အတွင်း (၃) ကြိမ်ခေါ်ပြီး ဘင်္ဂလာအစိုးရက ကန့်ကွက်ခဲ့တဲ့ သတင်းနဲ့
၅။ ပစ်ခတ်ခံရတဲ့ မူစလင်လူငယ် မိသားစုကို စစ်ကောင်စီက လျော်ကြေး ကျပ်(၅)သိန်းပေးပြီး လက်မှတ် ရေးထိုးခိုင်းခဲ့တဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့--- တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ မောင်တောမြောက်ပိုင်းက စစ်ရှောင်ဒုက္ခသည်တွေရဲ့ အခြေ အနေနဲ့ပတ်သတ်လို့ ဆက်သွယ် မေးမြန်းထားတာကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဥ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)