ဩဂုတ်လ ၁၅ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ သြဂုတ်လ (၁၃) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရမိထားတယ်လိုက AA ဘက်က ပြောပါတယ်။
၂။ စစ်ကောင်စီတပ်က စစ်တွေ-ရေချမ်းပြင်နဲ့ မောင်တော-အငူမော် လမ်းတွေကို ပိတ်ပြီး အင်အားဖြည့် နေတယ်လို့ သိရပါတယ်။
၃။ (၅၅) နှစ်မြောက် စစ်တွေ ဆန်အရေးအခင်း နှစ်ပတ်လည်နေ့ကို နေရာတချို့မှာ ကျင်းပခဲ့ကြပြီး
၄။ ရာသီဥတုဆိုးရွားပြီး စက်ပျက်လို့ မျောပါနေတဲ့ စက်လှေတစီးကို ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းက ကယ်ဆယ်နိုင်ခဲ့တဲ့ သတင်းနဲ့
၃။ ဆရာကြီး ဦး ဦးသာထွန်းနေ့ အမှတ်တရ ALD ပါတီဝင်တချို့က ကျောက်တော်မြို့မှာ ဝါဆိုသင်္ကန်း ကပ်လှူခဲ့ကြတဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့-- တိုက်ပွဲတွေကြောင့် ထွက်ပြေးနေသူတွေရဲ့ အခြေအနေကိုသိရအောင် ဒေသခံ တယောက်နဲ့ ဆက်သွယ် မေးမြန်းထားတာကို ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဥ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist...
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)