ဩဂုတ် ၆ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ မင်းပြားမြို့နယ် မြစ်နားရွာက အမျိုးသားတယောက် မိုင်းနင်းမိလို့ ခြေတစ်ဘက် ပြတ်သွားပါတယ်။
၂။ မှတ်ပုံတင်အတုကိုင်ဆောင်ပြီး ရန်ကုန်ကိုသွားတဲ့ ဘင်္ဂလီ ၄ ဦးကို စစ်တွေလေဆိပ်နဲ့ အမ်းစစ်ဆေးရေး ဂိတ်တခုမှာ ဖမ်းမိခဲ့ပါတယ်။
၃။ စစ်တွေမြို့မှာ တည်ဆောက်ဖို့လုပ်နေတဲ့ ဗုဒ္ဓတက္ကသိုလ်အတွက် မန္တလေးက အလှူရှင်တစ်ယောက် ကျပ်သိန်း (၃ )ထောင် လှူဒါန်းလိုက်တဲ့သတင်းနဲ့
၄။ စစ်တွေ ပွိုင့်အပန်းဖြေစခန်းမှာ စက်ဘီးနဲ့စကိတ်စီလေ့ကျင့်မှုကို မြို့နယ်စည်ပင်ဌာနက တားမြစ်ထားတဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့-- ရခိုင်ပြည်မှာ အခုရက်ပိုင်းအတွင်း ဆန်ဈေးနဲ့စားသောက်ကုန်ဈေးတွေ တက်လာတာနဲ့ ပတ်သတ်လို့ ဆက်သွယ်မေးမြန်းထားတာကို စုစည်းထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)