ဩဂုတ် ၁ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ မာန်အောင်ကျွန်းက ရွာတွေမှာ AA ကိုမထောက်ခံဖို့ စစ်ကောင်စီတပ်က ပြောဆိုပြီး AA နဲ့ ပတ်သတ်တဲ့သူတွေကိုလည်း ဖမ်းဆီးဖို့ရှာဖွေနေပါတယ်။
၂။ စစ်ကောင်စီ ခွင့်ပြုချက်မရလို့ ရခိုင်ပြည် မြို့နယ်(၉)ခုက ဒုက္ခသည်စခန်းတွေကို ဆန်မဖြန့် ဝေနိုင် ဖြစ်နေပါတယ်။
၃။ ရခိုင်အမျိုးသားပါတီ ANP က ပါတီညီလာခံ လုပ်ဖို့ စီစဉ်နေတာနဲ့
၄။ ကျောက်ဖြူမြို့မှာ အသစ်ဆောက်လုပ်ထားတဲ့ ကျောက်တလုံး ဒုက္ခသည်စခန်းကို ဒုက္ခသည်တွေ မပြောင်းရွေ့နိုင်သေးတဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ခါ----------- ရခိုင်ပြည်မှာ လျှပ်စစ်မီးပြတ်တောက်မှု များနေတဲ့အတွက် ရခိုင်ပြည်သူတွေ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေကြရတဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီး ဆက်သွယ် မေးမြန်းထားတာကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)