ဇူလိုင်လ ၃၀ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ဖမ်းဆီးခံရတဲ့ ကျောက်ဖြူမြို့နယ်က လူငယ် (၁၈)ဦး ခံဝန်နဲ့ ပြန်လွတ်လာပြီ ဖြစ်ပါတယ်။
၂။ ထောက်ပံ့ရေး မရလို့ စစ်ဘေးရှောင် ဒုက္ခသည်တွေ အခက်ကြုံနေကြပါတယ်။
၃။ မှောင်ရိပ်ခိုမှုနဲ့ ထောင်ဒဏ် (၁)လ ချမှတ်ခံခဲ့ရတဲ့ စစ်တွေမြို့ခံ(၂) ဦး လွတ်မြောက်လာပြီ ဖြစ်ပါတယ်။
၄။ ရသေ့တောင်မြို့ အထက်ပိုင်းက မေယူမြစ်မှာ သဲကျွန်းတကျွန်း ပေါ်နေလို့ ရေကြောင်းသွားလာရေး အခက်အခဲ ဖြစ်နေတာနဲ့
၅။ ကဝိရတနာ ဒုက္ခသည်စခန်းက ဖမ်းဆီးခံခဲ့ရတဲ့ ကိုကျော်ဟိန့်နဲ့ အဆက်အသွယ်မရ ဖြစ်နေတဲ့ သတင်းတွေကို ထုတ်လွင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့------- ရခိုင်က စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ အထောက်အပံ့ မရတဲ့အတွက် စားသောက်ရေးအတွက် အခက်အခဲ ဖြစ်နေကြတာနဲ့ ပတ်သတ်လို့ ဆက်သွယ်မေးမြန်း ထားတာတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)