ဇူလိုင်လ ၂၀ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ မောင်တော မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့တဲ့ တွက်ပွဲမှာ ရဲမှူး တစ်ဦးအပါအဝင် (၁၄) ဦးလက်နက်ချ ဖမ်းဆီးရမိထားတယ်လို့ ရခိုင့်တပ်တော်က ပြောဆိုလိုက်တဲ့ သတင်း။
၂။ AA နဲ့ဆက်စပ်တယ်လို့သံသယနဲ့ ဖမ်းဆီးခံနေရသူ ရသေ့တောင်ဒေသခံ (၂) ဦးကို ဇူလိုင် (၂၉) ရက်နေ့ အပြီးသတ်အမိန့်ချဖို့ ရုံးချိန်းပေးထားတဲ့သတင်း။
၃။ ရခိုင်ပြည်က TA လို့ခေါ်တဲ့ ဆရာ၊ဆရာမတွေအတွက် (၄)အတွက် လစာငွေချပေးထားတဲ့ သတင်း။
၄။ မြောက်ဦးမြို့က ဖမ်းဆီးခံနေရတဲ့ သုံးဘီးမောင်းသူ ကိုကျော်ဝင်းလှိုင်မှာ ရန်ကုန်မှာ ဆေးကုသမှု ခံယူနေရတဲ့ သတင်း။
၅။ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ စစ်တွေဒေသခံ (၉) ယောက်ကို ရုံးထုတ်ခဲ့တဲ့ သတင်း
ယင်းနောက်ပိုင်းမှာတော့----- ဘင်္ဂလာဒေ့ချ်ကို ကုန်ပစ္စည်းပို့လို့ ပြန်လာသူ (၁၁) ဦးမှာ ကိုဗစ်ပိုး ကူးစက်တာ ခံထားရတဲ့အတွက် နယ်စပ်ကုန်သွယ်ရေး အခြေအနေနဲ့ ပတ်သတ်လို့ ရခိုင်ပြည် ကုန်သည်များနဲ့ စက်မှု လက်မှု လက်ငန်းရှင်များအသင်း ဥက္ကဌ ဦးတင်အောင်ဦးနဲ့ ဆက်သွယ် မေးမြန်းထားတာကို ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဉ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)