ဇူလိုင်လ ၁၈ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ကချင်ဘာသာ)
- ဟိုပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရဲစခန်း အနီးအနားတွင် ဖွင့်လှစ်ရောင်းချနေသည့် ဈေးဆိုင်များနှင့် ကားဂိတ်များ ပိတ်သိမ်းပေးကြရန် ဟိုပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတိပေးထုတ်ပြန်။
- နာမ်ပါကျေးရွာတွင် EPC လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုများ ရှိနေပြီး ဒေသခံများအနေဖြင့် ဖယောင်းတိုင်မီးကိုသာ သုံးစွဲနေရ။
- ဗန်းမော်မြို့ တွင် အသက် (၆၀) ကျော်အရွယ် ပျူစောထီးတစ်ဦး ပစ်သတ်ခံရ။
- ပူတာအိုခရိုင် လျှပ်စစ်ရုံးတွင် မီးစက်ပျက်နေသောကြောင့် နှစ်ရက်ခြားသာ လျှပ်စစ်မီးရရှိ။
- စစ်ကောင်စီနှင့် မြို့လှ PDF တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားအများအပြား ရွှေကူမြို့ဝန်းကျင်တွင် ရောက်ရှိနေ။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဉ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)