ဇူလိုင်လ ၁၅ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ကျောက်တော်က တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း အပါအဝင် ၃ ဦးကို ဇူလိုင်လ ၁၃ ရက်နေ့က ရုံထုတ်ခဲ့တဲ့သတင်း
၂။ မာန်အောင်မြို့နယ် မိန်းမကြွယ် ကမ်းခြေမှာတွေ့ရတဲ့ တော်ပီတိုဒုံးကို မျှော်တော်ဦး ရီတပ်ကို ယူဆောင်သွားတဲ့သတင်း။
၃။ စစ်တွေမြို့မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသား အလောင်းတစ်လောင်းကို တွေ့ရှိရတဲ့သတင်း။
၄။ ပုဏ္ဏားကျွန်းအခြေစိုက် (၅၅၀) တပ်ရင်းမှာ ဒုတပ်ရင်းမှု မယားဖြစ်သူက လက်အောက်ငယ်သား ရဲမေတွေကို နိုင်ထက်စီးနင်းလုပ်နေတဲ့ သတင်း။
၅။ မောင်တောမြို့နယ် စေတီပြင်ရွာမှာ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တဲ့အတွက် နေအိမ် ၂ဆောင်မီးထဲပါသွားတဲ့ သတင်းနဲ့
၆။စစ်တွေမြို့မှာ ကျပ်သိန်း ၁၄၀ လောက် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိတဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ အမ်းမြို့ ပဲပဒုံ ဒုက္ခသည်စခန်းမှာ အစိုးရအပါအဝင် တခြားအလှူရှင်တွေနဲ့ လူမှုအဖွဲ့ အစည်းတွေက ထောက်ပံ့မှု ပြတ်သွားတဲ့အတွက် ရိက္ခာလုံး၀ ပြတ်နေတာနဲ့ပတ်သတ်လို့ ဆက်သွယ် မေးမြန်းထားတာတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဉ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)