ဇူလိုင်လ ၈ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ရွာသား(၂) ယောက်အမှုကို နောက်ထပ် ဇူလိုင်လ (၂၀)ရက်ကို ရုံးချိန်းပေးလိုက်တဲ့ သတင်း။
၂။ နှစ်ပတ်ကျော်ကြာ ရပ်နားထားတဲ့ ကျောက်တော်-ပလက်၀ ဇာတ်ရေယာဉ် ပြေးဆွဲမှုကို ဇူလိုင်လ ၈ ရက်နေ့မှာ ပြန်လို့ ပြေးဆွဲမည့်သတင်း။
၃။ ထိုင်နိုင်ငံမှာ လူသတ်မှုနဲ့ စွပ်စွဲပြီး ဖမ်းဆီးခံနေရတဲ့ ရခိုင်လူငယ်တစ်ယောက် ငွေကြေးချို့တဲ့လို့ အမှုရင်ဆိုင်ဖို့ အခက်အခဲဖြစ်နေတဲ့သတင်း။
၄။ မောင်တောမြို့နယ်မှာ ပြန်ပီးဆွဲခံခဲ့ရတဲ့ ပညာရေးဝန်ထမ်း (၂ )ယောက်ကို မိမိတို့ ဒေသတွေမှာ တာဝန်ထမ်းဆောင်ဖို့ ခွင့်ပြုလိုက်တဲ့သတင်းနဲ့
၅။ စက်သုံးဆီဈေး အနည်းငယ် ကျလာတဲ့သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ -- စစ်တွေမြို့မှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း “စစ်တွေကဗျာဝိုင်း” နာမည်နဲ့ ကဗျာ စကားဝိုင်း တစ်ခုလုပ်ဖို့ စီစဉ်နေတာနဲ့ပတ်သတ်လို့ ဆက်သွယ် မေးမြန်းထားတာကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)